အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့အကြို လူထုလှုပ်ရှား ဆောင်ရွက်မှု နှာခေါင်းစည်း (Mask) များ အခမဲ့ ဖြန့်ဝေ

ချောင်းဆုံ အောက်တိုဘာ  ၁၂

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံး နိုင်ခြေလျော့ချရေးနေ့အကြိုလှုပ်ရှားမှုအဖြစ် ယနေ့ နံနက်ပိုင်းက ချောင်းဆုံ အနောက်ရပ်ကွက်၊ မြို့မအမှတ် (၁)ဈေးတွင် လူထုလှုပ်ရှားမှုအနေဖြင့် ဈေးရောင်းဝယ်သူများအား နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေခဲ့ကြောင်းသိရသည်။

အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ချရေးနေ့အထိမ်းအမှတ် အဖြစ် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကြက်ခြေနီအသင်း တို့ပူးပေါင်း၍ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးသိုက်ထွန်း နှင့် မြို့နယ်ဘေး/စီမံ ဦးစီးမှူး ဒေါ်အင်ကြင်းချမ်းတို့ ဦးဆောင်ပြီး မြို့နယ်ကြက်ခြေနီ အသင်းအဖွဲ့တို့မှ ကိုဗစ်-၁၉နှင့် ပတ်သက်၍သရုပ်ဖော်ကပြခြင်းများ၊ နှာခေါင်းစည်း (Mask)များ ဖြန့်ဝေခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ လက်ကမ်းစာစောင်များကို ဈေးရောင်း ဈေးဝယ်သူများအား ဖြန့်ဝေပေးခဲ့ ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)