မြောက်ဥက္ကလာပမြို့နယ် (ဆ)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ အလှူရှင်များမှ အလှူငွေများ လာရောက်လှူဒါန်း

မြောက်ဥက္ကလာပ    အောက်တိုဘာ  ၁၂


ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြိုနယ်၊ (ဆ)ရပ်ကွက်တွင် ကိုဗစ်- ၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုများကြောင့် အလုပ်အကိုင်အဆင်မပြေ၍ စားဝတ်နေရေး ခက်ခဲသူ များကို အခြေခံစားသောက်ကုန်များလှူဒါန်းနိုင်ရန်နှင့် အ.ထ.က(၁)ကျောင်း Quarantine Centre အတွက် လိုအပ်သည့် နေရာများတွင် သုံးစွဲနိုင်ရန် ရည်ရွယ်၍ အလှူရှင်များက အလှူငွေ များကို ယမန်နေ့ နံနက်ပိုင်းကစ၍ (ဆ)ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးသို့ လာရောက် လှူဒါန်း ခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် (ဆ)ရပ်ကွက်အတွင်း အလုပ်အကိုင်အဆင်မပြေသည့် အိမ်ထောင်စုများ အတွက် ဆန်၊ဆီများဝယ်ယူ၍ လှူဒါန်းနိုင်ရန် ကိုကျော်အောင်၊ မအိ မိသားစုက အလှူငွေကျပ် (၃၄,၀၀၀)၊ ဦးမျိုးဦး၊ ဒေါ်ဇာနည်ဝင်းမိသားစုက အလှူငွေ ကျပ်(၁၅၅,၀၀၀)၊ ဦးသန့်ဇော်မြင့်၊ မဖြူဖြူအိ မိသားစုက အလှူငွေကျပ် (၅)သိန်းနှင့် ဦးစိုးမိုး၊ ဒေါ်စန်းစန်းခိုင် မိသားစုက ဆန်အိတ်(၅)အိတ်တို့ကို လည်းကောင်း၊ အ.ထ.က(၁) ကျောင်း  Quarantine Centre အတွက် လိုအပ်သည့်နေရာများတွင် အသုံးပြုနိုင်ရန် ဦးသန့်ဇော်မြင့်၊ မဖြူဖြူအိ မိသားစု အလှူငွေကျပ် (၂)သိန်း၊  ဦးအောင်ကျော်မင်း၊ ဒေါ်ငုဝါလှိုင်မိသားစုက အလှူငွေကျပ် (၁)သိန်း၊  အဖြူရောင် ပရဟိတအသင်းမှ အလှူငွေကျပ်(၅)သိန်း၊ ဦးဝင်းအောင်၊ ဒေါ်မြင့် မိသားစုက အလှူငွေကျပ် (၂)သိန်းကို လာရောက်လှူဒါန်းရာ (ဆ)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဒေါ်ထက်ထက်ဝင်းက လက်ခံရယူခဲ့ကြောင်း သိရသည်။ 
ဆက်လက်၍ (ဆ)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဒေါ်ထက်ထက်ဝင်းက အလှူရှင်များကို ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပြီး ဆက်လက်လှူဒါန်းလိုသူများရှိပါက ဖုန်းနံပါတ် ၀၉-၂၅၂၄၂၉၈၈၃သို့  ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
မြမြဝင်း (ပြန်/ဆက်)