သထုံ အောက်တိုဘာ ၁၂
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက် ဆုံးရှုံးနိုင်ခြေလျော့ချရေးနေ့ကို ဂုဏ်ပြုသော အားဖြင့် ယနေ့ နံနက်က လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ရုံးမှ တာဝန်ရှိသူများက Mask များ အခမဲ့ ဝေငှပေးခဲ့ကြသည်။
ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ရုံးမှ ဦးစီးအရာရှိ ဒေါ်စန်းစန်းဝင်းနှင့် ဝန်ထမ်းများက အောက်တိုဘာလ (၁၃)ရ က်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ချရေးနေ့ကို ဂုဏ်ပြုသည့် အကြိုလူထု လှုပ်ရှားအဖြစ် သထုံမြို့၊ အောက်ကျင်းရပ်ကွက်ရှိ ခရိုင်မီးသတ်ဦးစီးဌာနရုံးရှေ့နှင့် သုဝဏ္ဏစျေး ရှေ့တို့၌ သွားလာ လှုပ်ရှားနေကြသည့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကြိူတင် ကာကွယ်ရေးအတွက် Mask အခုရေ ၃၀၀ ကျော်ဝေငှကာ ကျန်းမာရေးလမ်းညွှန်ချက်များနှင့် အညီ စနစ်တကျနေထိုင်ရေး စည်းရုံးဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သက်ဦး(သထုံ)