ကျိုက်မရော အောက်တိုဘာ ၁၂
မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်၊ လျှပ်စစ်ဓတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ကျေးရွာပြည်သူများ လျှပ်စစ်မီး ဖူလုံစွာသုံးစွဲနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီက ကျုံစိန်ကျေးရွာ၌ လျှပ်စစ်မီးလင်းရေးဖွင့်ပွဲ အခမ်းအနားကိုပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မီးလင်းရေးဖွင့်ပွဲမုခ်ဦးအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးစောကျော်ဝင်းမောင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်ဇော်ဦးနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့်တို့ကဖဲကြိုး ဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးသောင်းကြိုင်ကလျှပ်စစ် မီးဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။
အဆိုပါ လျှပ်စစ်မီးရရှိသည့်ကျေးရွာများမှ ကျုံစိန် ကျေးရွာရှိအိမ်ခြေ (၂၆၀) ကို ပြည်နယ်အစိုးရ ဘတ်ချက်ရန်ပုံငွေဖြင့်လည်းကောင်း၊ ကော့လင်းကျေးရွာရှိအိမ်ခြေ ၄၀၊ ကော့မင်းကျေးရွာရှိအိမ်ခြေ ၅၀၊ စုစုပေါင်း အိမ်ခြေ (၉၁)အိမ်တို့အား လျှပ်စစ်မီး ၂၄နာရီ ရရှိစေရန်အတွက် အမျိုးသား လျှပ်စစ်ဓါတ်အားရရှိရေး NEP Phase-1 စီမံကိန်းမှ 11 KV လိုင်းဖြင့်လျှပ်စစ်မီးလင်းရေး ၂၀၁၈-၂၀၁၉ဘဏ္ဏာ နှစ်တွင်ဆောင်ရွက်နိုင်ခဲ့ကြောင်းသိရသည်။
အဆိုပါကျေးရွာ လျှပ်စစ်မီးလင်းရေး ဖွင့်ပွဲအခမ်းအနားကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြား ချက်များနှင့်အညီ ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး လျှပ်စစ်မီးမရရှိသေးသည့်ကျန်ရှိနေသော ကျေးရွာများကိုလည်း လျှပ်စစ်မီး အမြန်ရရှိရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ကျိုက်မရောမြို့နယ်ရှိ ကျေးရွာပေါင်း (၆၇)ရွာတွင် လျှပ်စစ်မီး ၂၄ နာရီ ရရှိနေပြီ ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်ဓတ်အားဖြန့်ဖြူးရေးလုပ်ငန်း လျှပ်စစ်အင်ဂျင်နီယာ ဦးသောင်းကြိုင်ထ ံမှ သိရှိ ရသည်။
ချိုမြတ်မြတ်ထွေး (ပြန်/ဆက်)