ဒဂုံတောင် အောက်တိုဘာ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အတွင်းရှိ အောင်မြင့်မိုရ်အိမ်ရာအတွင်း ကိုဗစ်-၁၉ Positive လူနာများထားရှိကုသ ဆောင်ရွက် ပေးလျက်ရှိကြောင်းသိရသည်။
ထို့သို့ကုသဆောင်ရွက်လျက်ရှိရာ ရောဂါကင်းစင်၍ ပြန်လည်သက်လာသည့် Positive လူနာ (၁၁၀၀) ဦးအား ယမန်နေ့ ည(၂)နာရီအချိန်က ဆေးရုံမှပြန်လည်ဆင်းခွင့်ပြုခဲ့ပြီး ကျန်ရှိနေ သေးသည့် ရောဂါမှပြန်လည်သက်သာမှု မရှိသေးသည့် ကိုဗစ်-၁၉ Positive လူနာများကိုလည်း စနစ်တကျ ကြပ်မတ်ဆောင်ရွက် ကုသပေးလျက်ရှိကြောင်းသိရသည်။
ထို့နောက် အောင်မြင့်မိုရ်အိမ်ရာအတွင်း ကိုဗစ်-၁၉ positiveလူနာများ၏ ရောက်ရှိလာမှုနှင့် ဆေးရုံမှပြန်လည်ဆင်းခွင့်ရရှိသူများအား ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ လူမှုရေးပရဟိတ အသင်းများနှင့် လူမှုကယ်ဆယ်ရေးအသင်းများမှ သွားရောက်ခေါ်ဆောင်ပေး ခြင်းနှင့် ရောဂါပြန်လည်သက်သာလာသူများအား ပို့ဆောင်ပေးခြင်းများ ပြုလုပ်ဆောင်ရွက် ပေးနေကြောင်း သတင်းရရှိသည်။
သက်မင်းဟန်(ဒဂုံတောင်)