ဒဂုံတောင် အောက်တိုဘာ ၁၂
ရန်ကုန်တိုင်းဒေသကြီး ၊ရန်ကုန်အရှေ့ပိုင်းခရိုင်၊ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ရွာသာကြီး (အကြီးစား) စက်မှုဇုန်ရှိ စက်ရုံအလုပ်ရုံ (၁၃၅)ရုံရှိ အလုပ်သမားများ ယမန်နေ့ မွန်းတည့် (၁၂)နာရီအချိန်မှ စတင်၍ လုပ်ခလစာများ သက်ဆိုင်ရာ ငွေသွင်းငွေထုတ် ATM Card များအတွင်းသို့ ထည့်သွင်းပေးခဲ့ကြောင်းသိရသည်။
ထို့ပြင် မြို့နယ်အတွင်းရှိ အခြားသော စက်မှုဇုန်များဖြစ်သည့် စက်မှုဇုန်(၁)၊ စက်မှုဇုန်၊ စက်မှုဇုန်(၂)ရှိ လခစားဝန်ထမ်းများ၏ လုပ်ခလစာများကိုလည်း အပြီးသတ် ထုတ်ပေး ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
ထို့သို့ လစာများထုတ်ပေးနေသည့်ကိစ္စရပ်များနှင့်ပတ်သက်၍ မြို့နယ်အတွင်း လူစုလူဝေး မဖြစ်ပေါ်စေရန် စနစ်တကျ ဆောင်ရွက်ပြီးမှ ယခုကဲ့သို့ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် အလုပ်သမားများ၏ ရရှိပိုင်ခွင့်အား မထိခိုက်စေရေး အထူးဂရုပြုဆောင်ရွက်ခဲ့ကြကြောင်း စက်မှုဇုန်များ ဥက္ကဋ္ဌမှ ပြောကြားခဲ့ကြောင်းသတင်းရရှိသည်။
သက်မင်းဟန်(ဒဂုံတောင်)