အမရပူရ၊ အောက်တိုဘာ ၁၂
အမရပူရမြို့နယ်၊ ရွှေကြက်ယက်ကျေးရွာအုပ်စု၊ စိန်တုံးကျေးရွာ ကိုဗစ်-၁၉ Positive တွေ့ရှိခြင်းဖြင့် Semi Lock Down Area အတွင်းရှိ ပြည်သူများအတွက် ဟင်းသီး၊ ဟင်းရွက်နှင့် သီးနှံများ ပေးအပ်ထောက်ပံ့ခြင်းနှင့် အခြေခံလူတန်းစား အိမ်ထောင်စု များကို အခြေခံစားသောက်ကုန်နှင့် အလှူငွေထောက်ပံ့ခြင်းကို ယနေ့ နံနက်(၁၀)နာရီ အချိန်က ထောက်ပံ့ပေးအပ်ခဲ့သည်။
Semi Lock Down Area အတွင်းရှိ ပြည်သူများအတွက် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးဖေသက်ထွန်းနှင့်အဖွဲ့ဝင်များ၊ တောတွင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုးသူ ဦးဆောင်သောအဖွဲ့များက Semi Lock Down Area အတွင်းရှိ အိမ်ထောင်စုများအားလုံးကို စားသုံးနိုင်ရန် ဟင်းသီး၊ ဟင်းရွက်မျိုးစုံနှင့် သစ်သီးသစ်နှံများကို သွားရောက်လှူဒါန်းခဲ့သည်။
အလားတူ ရွှေကြက်ယက်ကျေးရွာအုပ်စုအတွင်းရှိ အခြေခံအိမ်ထောင်စု (၁၀၀) အား အိမ်ထောင်စု (၁) စုလျှင် ဆန် (၆) ပြည်၊ ဆီ (၁) ဗူး၊ ကြက်သွန်နီ (၁) ပိဿာ၊ အာလူး (၁) ပိဿာ၊ ကြက်ဥ (၁၀) လုံး ၊ Hand Jel (500) mm (၁) ဗူး၊ ကာဘော်လစ်ဆပ်ပြာ (၁) ထောင့်နှင့် ကျပ် (၃) သောင်းတို့ကို ဦးမောင်မောင်ဦး (သဘာဝဘေးစိမ်းရောင်စို)အဖွဲ့နှင့် ရွှေနဒီကြယ်ပဲလုပ်ငန်းမှ တာဝန်ရှိသူများ ရွှေကြက်ယက်ကျေးရွာအုပ်စု ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစစ်အောင်တို့နှင့်အတူ လက်ရောက်ထောက်ပံ့လှူဒါန်းခဲ့ကြသည်။
ဟိန်းထက်(အမရ)