ဗန်းမော်မြို့တွင် ရွေးကောက်ပွဲဆိုင်ရာ မဲဆန္ဒရှင်စာရင်း အသိပညာပေး ပိုစတာများနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ

ဗန်းမော် အောက်တိုဘာ ၁၂

ဗန်းမော်ခရိုင် ဗန်းမော်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲဆိုင်ရာ မဲဆန္ဒရှင်စာရင်း အသိပညာပေး ပိုစတာများနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက် ၁၀ နာရီခန့်က မဲဆန္ဒရှင်ပြည်သူများထံ ဖြန့်ဝေပေးခဲ့ကြသည်။

လက်ကမ်းစာစောင်များ ဖြန့်ဝေရာတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ဝေသည့် “ဘေးကင်းလုံခြုံစွာ ဆန္ဒမဲပေးပါ ပိုစတာ ၂၀ စောင်၊ “သင့်အမည် မဲဆန္ဒရှင်စာရင်းမှာ ပါ/မပါ စစ်ဆေးပြီးပြီလား ပိုစတာ ၂၀ စောင် ၊ မကြာခဏ မေးလေ့မေးထရှိသော မဲဆန္ဒရှင် စာရင်းဆိုင်ရာ မေးခွန်းနှင့် အဖြေများ ၃၀ စောင်နှင့် သင့်အမည် မဲဆန္ဒရှင်စာရင်းမှာ ပါ/မပါ စစ်ဆေး ပြီးပြီလား လက်ကမ်းစာစောင် ၁၀၀ စောင်တို့ကို မြို့တွင်း လမ်းသွားလမ်းလာ ပြည်သူများထံ အခမဲ့ ဖြန့်ဝေခဲ့ကြ သည်။

အဆိုပါလက်ကမ်းစာစောင်၊ ပိုစတာများတွင် မဲဆန္ဒရှင် အမည်စာရင်းတွင် မိမိအမည် မပါဝင်ပါက ပုံစံ(၃) ကိုယ်ရေးအချက်အလက်များ ပြင်ဆင်လိုပါက ပုံစံ(၄-ဂ) ၊ မဲစာရင်းနှင့် စပ်လျဉ်း၍ ကန့်ကွက်လိုပါက ပုံစံ(၄)ဖြင့် လျှောက်ထားနိုင်ကြောင်းနှင့် မဲဆန္ဒရှင်စာရင်းမှာ မိမိအမည် ပါ/မပါကို online မှလည်း စစ်ဆေးနိုင်ကြောင်းစသည့် အသိပညာပေး အချက်အလက်များ ပါဝင်ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)