မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနသို့ စေတနာရှင်ပြည်သူများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အလှူငွေနှင့် ကုသရေးသုံးပစ္စည်းများ လှူဒါန်း

ကွမ်းခြံကုန်း အောက်တိုဘာ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် အထောက်အကူ ဖြစ်စေရန် စေတနာရှင်ပြည်သူများက အလှူငွေများ ရောဂါကုသရေးသုံးပစ္စည်းများအား လာရောက် လှူဒါန်းလျက်ရှိကြောင်း သိရသည်။

အဆိုပါ လှူဒါန်းမှုများမှာ မြို့နယ်ပညာရေးမှူး ဒေါ်အေးအေးသိုက်နှင့် ပညာရေးဝန်ထမ်းမိသားစုမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အလှူငွေ (၁၂၀၀၀၀)ကျပ်၊ တော်ကူးအနောက်ကျေးရွာနေ ဦးဝေယံလင်းထွဋ်၊ ဒေါ်ပန်းအိဖြိုးနှင့် သမီးမယုယလင်းထွဋ် မိသားစုက အလှူငွေ (၁၀၀၀၀၀)ကျပ်၊ တော်ကူးစံပြကျေးရွာ အထက-တော်ကူး(၂၀၀၄)ခုနှစ် ကျောင်းသူ/ကျောင်းသား ဟောင်းများက အလှူငွေ (၁၀၀၀၀၀)ကျပ်၊ မြို့သစ် စ/၁လမ်းနေ ဦးတင်ဝင်းမြင့်၊ ဒေါ်မြင့်မြင့်အေးနှင့် သမီးစတားဝင်းလဲ့၊ စတားဝင်းထက်၊ သားမောင်ဝင်းခန့်ဗိုလ် မိသားစုမှ အလှူငွေ(၃၀၀၀၀)ကျပ်နှင့် မြို့နယ်ပြည်သူ့ဆေးရုံအတွက် လိုအပ်နေသော Oxygen Concentrator5L စက်()လုံး ၊ တန်ဖိုးငွေအားဖြင့် ကျပ်(၁၂)သိန်း အား မိခင်ကြီးဒေါ်စောနှင်းအား ရည်စူး၍ ရန်ကုန်မြို့နေ ဦးသိန်းလွင်မိသားစုမှ လှူဒါန်းခဲ့ရာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမြတ်သူမှ လက်ခံရယူပြီး ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီး ပေးအပ်ခဲ့ကြောင်း သိရသည်။

ထွန်းထွန်းစိုး(ကွမ်းခြံကုန်း)