သဲကုန်းမြို့နယ်၌ ကိုဗစ်-၁၉ ကူးစက်ရောဂါဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ပြသ

သဲကုန်း အောက်တိုဘာ ၁၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့ နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် တားဆီးနိုင်ရေးအတွက် ပြည်သူများ သတင်းအချက် အလက်များ မှန်ကန်စွာ သိရှိပြီး အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ ရုံးရှေ့တွင် နံရံကပ်စာစောင် ပြုလုပ်ပြသခဲ့သည်။
နံရံကပ်စာစောင်တွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးပိုစတာများ၊ မီဒီယာနှင့်သတင်းအချက်အလက် သိနားလည်မှုရှိသော မိဘ/အုပ်ထိန်းမှု အတက်ပညာနှင့် လုပ်ကြံသတင်းများ၊ လူမှုမီဒီယာပေါ်တွင် ဘေးကင်းလုံခြုံမှုအကြောင်း ဆွေးနွေးရာတွင် ဆောင်ရန်နှင့်ရှောင်ရန်များ၊ သင်သည်မီဒီယာနှင့်သတင်းအချက်အလက်ဆိုင် ရာသိနားလည်မှု ရှိသော မိဘ/အုပ်ထိန်းသူတစ်ဦးဖြစ်သလား၊ သတင်းခွဲခြမ်း စိတ်ဖြာမှုနှင့် ထင်မြင် ယူဆချက်၊ မီဒီယာနှင့်သတင်းအချက်အလက် သိနားလည်မှု ရှိသော မိဘ/အုပ်ထိန်းမှုအတက် ပညာနှင့်ကျန်းမာရေး၊ ကလေး သူငယ်နှင့်လူမှုမီဒီယာ အသုံးပြုမှုသဘောတူညီချက်ပြုလုပ်ပါ စသည့် အကြောင်းအရာများဖော်ပြထားကြောင်း သိရသည်။
နိုင်လင်း(သဲကုန်းပြန်/ဆက်)