မင်းဘူး အောက်တိုဘာ ၁၃
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှေ့ မြေစိုက်ဘုတ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ သိကောင်း စရာများနှင့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေးရုပ်ပုံများကို ယနေ့နံနက်ပိုင်းမှ စတင်ကာ ပြသပေးလျက်ရှိကြောင်း သိရသည်။
၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပသွားမည် ဖြစ်သောကြောင့် အထွေထွေရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး နံရံကပ် စာစောင်များ၌ မဲစရင်းတွင် သင့်အမည်ပါမပါ စစ်ဆေးပြီးပြီလား၊ အတူတကွမဲပေးကြပါစို့၊ မကြာခဏ မေးလေ့မေးထရှိသော မဲဆန္ဒရှင်၏ မဲစာရင်းဆိုင်ရာ မေးခွန်းနှင့်အဖြေများ၊ ဘေးကင်း လုံခြုံစွာ မဲပေးပါ၊ ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲထည့်ဖို့ မမေ့ပါနဲ့၊ စသည်တို့အပြင်ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို လိုက်နာစေရေးနှင့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေးရုပ်ပုံများကို ပြည်သူများ သိရှိစေရန် ပြသထားကြောင်း သိရသည်။
ဇေယျာထက် (မင်းဘူး)