ရေး အောက်တိုဘာ ၁၃
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ရေးမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ယနေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ သဘာဝ ဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျော့ချရေးနေ့ ကို ဂုဏ်ပြုသောအားဖြင့် အကြိုလူထု လှုပ်ရှားမှုကို ယနေ့နံနက် (၉) နာရီက ရန်ကြီးအောင်ရပ်ကွက်ရှိ မြသီတာဈေး၌ ဦးစီးဌာန Logo အမှတ်တံဆိပ်ပါ နှာခေါင်းစည်းများ ပေးဝေခဲ့ကြောင်းသိရသည်။
ထိုသို့ လူထုလှုပ်ရှားမှု ဆောင်ရွက်ရာတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သဥ္ဇာအောင်နှင့် ဝန်ထမ်းများက ဈေးဝယ်သူ၊ ဈေးရောင်း ချသူများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များ၊ စည်းကမ်း ချက်များလိုက်နာဆောင်ရွက်ကြရန်နှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာန Logoအမှတ်တံဆိပ်ပါ နှာခေါင်းစည်းအခု (၂၀၀) ကို ပေးဝေခဲ့ကြောင်းသိရှိရသည်။
မြို့နယ်(ပြန်/ဆက်)