ဆော အောက်တိုဘာ ၁၃
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်တွင် ကုန်တင်ယာဉ်များမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို ယမန်နေ့မှ စတင်၍ Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး စတင် စစ်ဆေးကြောင်း သိရသည်။
အဆိုပါ Test Kit ဖြင့် စစ်ဆေးဆောင်ရွက်မှုကို ဆောမြို့ မိုးကုတ်ရိပ်သာ Quarantine Centre တွင် ယင်းနေ့ ညနေ ၅ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြတ်လေးပန် နှင့် ကျန်းမာရေးဝန်ထမ်းများက ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်(၂)ဦးအား Covid-19 ရောဂါပိုး ရှိ/မရှိ ချက်ချင်းသိနိုင်ရန် RDT နည်းအရ Test Kit ဖြင့် စစ်ဆေးပေးခဲ့ရာ အဆိုပါ(၂)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိ (Negative) ဖြစ်ကြောင်း မြို့နယ်ဆရာဝန်ကြီး၏ ပြောပြချက်အရ သိရသည်။
ထိုသို့စစ်ဆေးရာတွင် ကုန်တင်ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကင်းရှင်းကြောင်း Rapid Antigen Test Kit ဖြင့် စစ်ဆေးခြင်းကို မူလက တစ်ကြိမ် စစ်ဆေးခြင်းအတွက် တစ်ဦးလျှင် ငွေကျပ်(၂၀,၀၀၀)သတ်မှတ်ထားရာမှ ယခုအခါ (၁၀,၀၀၀) ကျပ်သာ လျော့ချ၍ စစ်ဆေးပေးခြင်းဖြစ်ကြောင်း သိရသည်။
ဇော်မျိုးသန့်(ဆော)