ကျိုက်မရော အောက်တိုဘာ ၁၃
မွန်ပြည်နယ် ကျိုက်မရောမြို့ နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကျင်းပရန်အတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို အောက်တိုဘာ ၁ ရက် မှ စတင်ကပ်ထား ကြေညာထားရာ အောက်တိုဘာ ၁၁ ရက် ညနေပိုင်းထိ မဲစာရင်း လာ ရောက် ကြည့်ရှုသူမဲဆန္ဒရှင်ပေါင်း လေးသောင်းကျော်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးတာဝန်ရှိသူထံမှသိရသည်။
ကျိုက်မရောတွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေငြာရာ၌ မဲစာရင်းလာရောက်ကြည့်ရှုသူများမှ မိမိတို့၏ မဲစာရင်းအမှတ်စဉ်ကုဒ်နံပါတ်များကို သေချာစွာမှတ်သား ထားကြပြီး ကြိုတင်မဲစာရင်းပေးကြရမည့် အသက်၆၀ ကျော် မဲစာရင်းများကို ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူးများနှင့် အဖွဲ့ခွဲဝင်များက ပြန်လည်စိစစ်ရွေးချယ်၍ဆောင်ရွက် သွားကြရန် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ညွှန်ကြားထားကြောင်းသိရသည်။
ယခုချိန် ထိ မဲဆန္ဒရှင် စာရင်းများကပ်ထား ကြေညာမှုများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲ ရုံးများတွင် နေ့စဉ်လာရောက်ကြည့်ရှုသူ များပြားလျက်ရှိကြောင်း သိရသည်။
ချိုချို(ပြန်/ဆက်)