အောင်လံ အောက်တိုဘာ ၁၃
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့၌ Stay at Home ကာလအတွင်းသံဃာတော်များ ဆွမ်း၊ ကွမ်း အခက်အခဲမရှိစေရန် ဆွမ်းဆန်(၃၇)အိတ်နှင့် ဆီ(၁၁၅) ပိဿာတို့အား လှူဒါန်းမှုကို ယမန်နေ့ညနေ(၄)နာရီ က မြို့ပေါ်(၉)ရပ်ကွက်ရှိ ဘုန်းတော်ကြီးကျောင်း(၁၅)တို့တွင် သွားရောက်လှူဒါန်းမှုများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆောင်ရွက်မှုတွင် မြို့နယ်အဆင့်ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များနှင့် ဌာနဆိုင်များမှ Stay at Home ကာလအတွင်း သံဃာတော်များ ဆွမ်း၊ ကွမ်း အခက်အခဲမရှိ စေရန်အတွက် မြို့ပေါ်(၉)ရပ်ကွက်ရှိ ဝါဆိုသံဃာ(၁၁)ပါးကျော် သီတင်းသုံးနေထိုင်သည့် ကျောင်းများအနက်မှ စာသင်တိုက်(၈)တိုက်၊ ပရဟိတဘုန်းကြီးကျောင်း (၂) ကျောင်း၊ ဘုန်းတော်ကြီး ကျောင်း(၅)ကျောင်း စုစုပေါင်း (၁၅) ကျောင်းရှိ သံဃာတော် (၄၅၃) ပါးအတွက် သက်ဆိုင်ရာကျောင်းတိုက်များသို့ ဆွမ်းဆန်(၃၇)အိတ်နှင့် ဆီ(၁၁၅) ပိဿာ တို့အား သွားရောက် ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
မျိုးသိန်း(ပြန်/ဆက်)