သရက် အောက်တိုဘာ ၁၃
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန့်နေ့ နံနက်(၁၀)နာရီကကျင်းပခဲ့ရာ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ သရက်ခရိုင်အတွင်းမှ မြို့နယ် အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မျိုးလတ်က ဒေသ၏ လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုးမှုလုပ်ငန်းများလျာထားချက်အတိုင်းပြည့်မီအောင် ပူးပေါင်း ဆောင်ရွက်ကြရန်မှာကြားပြီး ခရိုင် စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ဦးစီးဌာနမှူး ဒေါ်ဝါဝါမြင့်က ဒေသန္တရစီမံကိန်းရည်မှန်းချက်တာဝန်များ ပေးအပ်ရခြင်းရည်ရွယ်ချက်နှင့် ဆောင်ရွက်ရမည့်စီမံကိန်းရည်မှန်းချက်များ ကိုရှင်းလင်းပြောကြား သည်။ ဆက်လက်၍ ခရိုင်အုပ်ချုပ်ရေးမှူးက ခရိုင်အဆင့်ဌာနများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများထံသို့ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ဒေသန္တရစီမံကိန်းလျာထားချက်တာဝန်များပေးအပ်ခဲ့ကြောင်း သိရသည်။
ဇော်ဝမ်းထွန်း(အောင်လံ)