ကော့ကရိတ်ခရိုင် ပြန်ကြား​​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနမှ အသိပညာ​ပေး လုပ်ငန်းများကို Online မှ တင်ဆက်​ဆောင်ရွက်

​ကော့ကရိတ် ​အောက်တိုဘာ ၁၃

ကရင်ပြည်နယ်၊​ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနရုံးသည် ကိုဗစ်-၁၉ ​ရောဂါကူးစက် ဖြစ်ပွားမှုကာလအတွင်း ပြည်သူ့စာကြည့်တိုက်ကို ခေတ္တယာယီ ပိတ် ထား​​သော်လည်း စာဖတ်ပရိသတ်များနှင့် ကလေးငယ်များ အသိပညာဗဟုသုတ များတိုးပွား စေရန်အ တွက် အသိပညာပေးလုပ်ငန်းများအား အွန်လိုင်းမှ တစ်ဆင့် အပတ်စဉ်ထုတ်လွှင့် ပေးလျက်ရှိ​ကြောင်းသိရသည်။

ထိုသို့အွန်လိုင်းမှတစ်ဆင့်အသိပညာပေးလုပ်ငန်းများ​ဆောင်ရွက်ရာ တွင်စာဖတ် ပရိသတ် ပြည်သူများနှင့် ကလေးသူငယ်များ အတွက် ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ခြင်း၊ စက္ကူအရုပ် ခေါက်ခြင်း၊ စာအုပ်မိတ်ဆက်ခြင်း၊ ပန်းချီ​ရေးဆွဲခြင်း၊စာဖတ်သူအကြိုက် စာပေဆွေးနွေးခြင်း နှင့် အသိပညာ​ပေး Talk Show အစီအစဉ်များအား ​ကေ့ာကရိတ်ခရိုင်ရုံး ပြည်သူ့စာကြည့်တိုက် Facebook Page မှတစ်ဆင့် ထုတ်လွှင့်ပေးလျှက်ရှိပြီး ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပေးသည့် သတင်းများ၊ ရွေးကောက်ပွဲ ဆိုင်ရာသတင်းများ၊ ဒေသဆိုင်ရာသတင်းများနှင့် နိုင်ငံတော်၏ ထုတ်ပြန်ချက် အစရှိ သည့် ပြည်သူများ သိသင့်သိထိုက်သည့် သတင်းအချက်အလက်များကိုလည်း IPRD Kawkareik Page တွင် နေ့စဉ်ဖော်ပြပေးလျက်ရှိကြောင်းသိရသည်။

ခင်မျိုးဝင်း(​ခရိုင်ပြန်ဆက်)