ကိုဗစ်-၁၉ ဆိုင်ရာ အသိပညာပေးရုပ်ပုံများကို ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှေ့နံရံကပ်ပြဘုတ်တွင် ပြသ


ဇမ္ဗူသီရိ အောက်တိုဘာ ၁၃


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၌ UNESCO မှ ပေးပို့လာသော ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှင့် ပတ်သက်သည့် အသိပညာပေးရုပ်ပုံများအား ပြည်သူများ သိရှိလိုက်နာနိုင်ရေးအတွက် ယမန်နေ့ညနေပိုင်းက စတင်၍ ရုံးရှေ့ရှိ နံရံကပ်ပြဘုတ်တွင် ဗီနိုင်းပိုစတာဖြင့် ပြသပေးထားကြောင်း သိရှိရသည်။


အဆိုပါ အသိပညာပေး နံရံကပ်ပြဘုတ်တွင် လူမှုမီဒီယာပေါ်တွင် ဘေးကင်းလုံခြုံမှုအကြောင်း ဆွေးနွေးရာတွင် ဆောင်ရန်နှင့် ရှောင်ရန်များ၊ မီဒီယာနှင့် သတင်း အချက်အလက် သိရှိနားလည်မှုရှိသော မိဘ၊ အုပ်ထိန်းမှု အတတ်ပညာဆိုသည်မှာ အဘယ်နည်း၊ သမိုင်းဝင်တည်နေရာများကို ပုံရိပ်ယောင် နည်းပညာဖြင့် သွားရောက် လေ့လာရာဝယ်၊ အချက်အလက်နှင့် ထင်မြင်ယူဆချက်များကို ခွဲခြားဖို့ခက်နေပါသလား စသည့်အကြောင်းအရာများ ပါဝင်သော UNESCO မှ ပေးပို့လာသည့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှင့် ပတ်သက်သည့် အသိပညာပေးရုပ်ပုံ (၁၈) ပုံကို ပြည်သူများ လေ့လာသိရှိ လိုက်နာစေရန် ရည်ရွယ်၍ ပြသထားကြောင်း သိရှိရသည်။


ဟိန်းသူအောင်(ပြန်/ဆက်)