ပြင်ဦးလွင်ခရိုင်၏  ၂၀၂၀ - ၂၀၂၁  ဘဏ္ဍာနှစ်  ဒေသန္တရစီမံကိန်းနှင့် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ၊ တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေ ရင်းနှီးမြှုပ်နှံမှု ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲကျင်းပ  

ပြင်ဦးလွင်၊  အောက်တိုဘာ  ၁၃

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၏  ၂၀၂၀ - ၂၀၂၁  ဘဏ္ဍာနှစ်  ဒေသန္တရစီမံကိန်း၊ ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေ၊ တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေတို့ဖြင့် ဆောင်ရွက်မည့်လုပ်ငန်း စီမံကိန်းများနှင့်  ရင်းနှီး မြှုပ်နှံမှုလျာထားချက်များ တာဝန်ပေးအပ်ပွဲကို ယနေ့နံနက် (၉) နာရီခွဲက ခရိုင်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ  ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ခရိုင်အတွင်းရှိ မြို့နယ်အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြသည်။

ရှေးဦးစွာ ခရိုင်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်းက စီမံကိန်းဆိုင်ရာနှင့်ပတ်သတ်၍ ရှင်းလင်းပြော ကြားခြင်း၊ ခရိုင်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ အတွင်းရေးမှူးက  ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်၊ ဒေသန္တရစီမံကိန်းနှင့် လုပ်ငန်းစီမံကိန်းများ အကောင်အထည်ဖော်နိုင်မှုအခြေအနေအား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး တာဝန်ရှိသူများက စီမံကိန်းတာဝန်များကို ခရိုင်/ မြို့နယ်အဆင့်အလိုက် အသီးသီးပေးအပ်ခဲ့ရာ သက်ဆိုင် ရာဒေသတာဝန်ခံများက လက်ခံရယူခဲ့ကြောင်း သိရသည်။

ဇော်မျိုးထိုက် (ပြင်ဦးလွင်)