တံတားဦးမြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်နိုင်စေရန် မီးသတ်ယာဉ်ဖြင့် လှည့်လည်အသိပေးနှိုးဆော်

တံတားဦး အောက်တိုဘာ ၁၃

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန် ရည်ရွယ်၍ ရပ်ကွက်များသို့  နေ့စဉ် မီးသတ်ယာဉ်ဖြင့် လှည့်လည်ကာ အသိပေးနှိုးဆော်မှုများ ဆောင်ရွက် လျက်ရှိ ကြောင်းသိရသည်။

ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန မီးသတ်ဦးစီးမှူး ဦးကျော်သူအောင် ၊ မြို့နယ် အရန်မီးသတ်တပ်ဖွဲ့ ဒုတပ်ရင်းမှူး ဦးရဲလင်းသူ နှင့်တပ်ဖွဲ့ဝင်များက တံတားဦးမြို့နယ် အတွင်းရှိ ရပ်ကွက်များသို့ မီးသတ်ယာဉ်ဖြင့် လှည့်လည်ကာ လတ်တလော ဖြစ်ပွားလျက်ရှိသည့် အသက်ရှု လမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခြင်းမရှိစေရန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် ၊ ပြည်သူ များအနေဖြင့် ပြင်ပသို့သွားလာပါက နှာခေါင်းစည်းကို စနစ်တကျ တပ်ဆင်ပြီးမှ သွားလာကြရန် ၊ လက်ကိုဆပ်ပြာဖြင့် စနစ်တကျ ဆေးကြောကြရန် ၊ လူစုလူဝေးပြုလုပ်ခြင်းမှ ရှောင်ရှားကြရန် ၊ တစ်ဦးနှင့်တစ်ဦး ၆ ပေအကွာမှ ပြောဆိုနေထိုင်ကြရန် စသည်တို့ကို လှည့်လည်နှိုးဆော် ပေးခဲ့ကြသည်။

တံတားဦးမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်စေရန် ရပ်ကွက်များသို့ နေ့စဉ်လှည့် လည် အသိပေးနှိုးဆော် ပေးလျက်ရှိပြီး မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေး ပေါ် တုန့်ပြန်ရေးကော်မတီမှလည်း ရောဂါ ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင် ရွက် လျက်ရှိကြောင်း သိရသည် ။

ရဲတင့်