လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ချောင်ကြီးတိုက်နယ်ဆေးရုံသို့ သွားရောက်အားပေးပြီး ဒေသခံများအား ပါးစပ်နှင့် နှာခေါင်းစည်း (၇၀၀၀) ကျော်ဖြန့်ဝေပေး

ကျောင်းကုန်း အောက်တိုဘာ ၁၃

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးသည် ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ချောင်ကြီးတိုက်နယ်ဆေးရုံတွင် ကျန်းမာရေးစောင့်ရှောက်မှု ခံယူနေသော ကိုဗစ် - ၁၉ ပိုးတွေ့သူ အသက် (၂၂) နှစ်ရှိ ယာဉ်နောက်လိုက်အား ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်ခန့်က တွေ့ဆုံ၍ အားပေးစကားပြောကြားကာ ဒေသခံများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရန် ပါးစပ်နှင့် နှာခေါင်းစည်း (၂၅၀၀) ပေးခဲ့ပြီး၊ ထောက်ရှာကျေးရွာရှိ ကျေးလက်လမ်းအား ကြည့်ရှုကာ ဒေသခံများ ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်‌စေရန် ပါးစပ်နှင့်နှာခေါင်းစည်း (၂၅၀၀) ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ဗြိုက်အုပ်စု၊ တောင်စုကျေးရွာရှိ ကျေးလက်ဒေသမီးလင်းရေး ထရန်စဖာမာ အား ဝင်ရောက် ကြည့်ရှုပြီး၊ တံခွန်တိုင် - အဝစု ကျေးလက်လမ်းအား ကြည့်ရှုပါသည်။ ဆက်လက်၍ ကိုင်းတာ ကျေးလက်လမ်းအား ကြည့်ရှုပြီး ဒေသခံများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်စေရန်အတွက် နှာခေါင်းစည်း (၂၅၀၀) ပေးခဲ့ကြောင်း သိရသည်။

 

ဝင်းကြိုင်(ပြန်/ဆက်)