ရမည်းသင်းခရိုင် ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူနေသော ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ ယာဉ်မောင်း နှစ်ဦးအား ကျန်းမာရေးကောင်းမွန်ပြီးသတ်မှတ်ရက်ပြည့်၍ ဆေးရုံမှ ဆင်းခွင့်ပြု

ရမည်းသင်း၊ အောက်တိုဘာ ၁၃

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့အစ သဲကွဲစစ်ဆေးရေးဂိတ်၌ ခရိုင်နှင့်မြို့နယ် ကိုဗစ်၁၉-ရောဂါ ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဦးဆောင်ကြီးကြပ်ကာ ရမည်းသင်းခရိုင် ပြည်သူ့ ဆေးရုံအုပ်ကြီး ဒေါက်တာအိအိခင်နှင့် ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီး ဌာနမှူး ဒေါက်တာ မြင့်မြင့်မော်နှင့်ဝန်ထမ်းများက ကုန်တင်ယာဉ်များမှ ယာဉ်မောင်း၊ ယာဉ်နောက် လိုက်တို့ကို နှာခေါင်း တို့ဖတ် Standard Q Covid-19 RDT Test ယူကာ ကိုဗစ် - ၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးလျက်ရှိရာ အောက်တိုဘာ ၂ရက်နေ့က ကိုဗစ်-၁၉ရောဂါ ပိုးတွေ့လူနာ ယာဉ်မောင်းနှစ်ဦးကို ရမည်းသင်းခရိုင် ဆေးရုံကြီး သီးသန့်(၄)ထပ်ဆောင်တွင် ဆေးကုသမှုခံယူပြီး ကျန်းမာရေးကောင်းမွန်သဖြင့် သတ်မှတ် ရက်ပြည့်၍  ယနေ့ နံနက်ပိုင်းကဆေးရုံမှ ဆင်းခွင့် ပြုကြောင်း သိရသည်။

လူနာလက်ရှိမှာ ဖျားနာမှုမရှိ၊ ချောင်းဆိုးခြင်းမရှိဘဲ ကျန်းမာသဖြင့် သတ်မှတ်ထားတဲ့ကာလ ၁၁ ရက် ပြည့်ပြီဖြစ်တာကြောင့် ဆေးရုံက ဆင်းခွင့်ပြုကာနေအိမ်မှာ Home Quarantine (၇)   ရက် ဆက်လက် နေထိုင်ရမှာဖြစ်ကာ(၇)ရက်နေ့ပြီးရင်တော့  ကျန်းမာရေးပြန်စစ်ဆေးရမှာ ဖြစ်ပါတယ် ဟု ရမည်းသင်း ခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာ အိအိခင်ကပြောသည်။ 

 ရမည်းသင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုး ဓါတ်ခွဲအတည်ပြုလူနာပေါင်း (၄၂)ဦးထိရှိပြီး ယနေ့အချိန်ထိ ကျန်းမာရေး ကောင်းမွန်သဖြင့် ဆေးရုံဆင်းခွင်ရသူ (၁၇) ဦးရှိကာ ရမည်းသင်းခရိုင် ပြည်သူ့ဆေးရုံကြီး သီးခြားဆောင်၌ ဆေးကုသမှုခံယူ နေဆဲလူနာ (၂၅)ရှိကြောင်း ခရိုင်ဆေးရုံ အုပ်ကြီး က ပြောသည်။

ဇော်ဝင်းအောင်