ကျောက်ဆည် အောက်တိုဘာ ၁၃
မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီနှင့် တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးငယ်များ အဟာရဖွံ့ဖြိုးရေးအတွက် ကျောက်ဆည်မြို့ သောကြာကြယ် ပရဟိတ ကျောင်း အသက် (၁၀)နှစ် အောက်ကလေး(၃၂)ဦးအား အဟာရနို့တိုက်ကျွေးခြင်းကိုယနေ့မွန်းလွဲ(၁) နာရီကအဆိုပါကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အာဟာရနို့တိုက်ကျွေးရာတွင် ကျောက်ဆည်ခရိုင် အမျိုးသမီးကော်မတီ ဥက္ကဋ္ဌ ဦးအောင်မျိုးသိန်းနှင့် ကော်မတီဝင်များ၊ မြို့နယ် အမျိုးသမီးကော်မတီဥက္ကဋ္ဌ ဦးကျော်လွင်နှင့် ကော်မတီဝင်များမှ ကျောက်ဆည်မြို့ သောကြာကြယ် ပရဟိကျောင်းမှ အသက်(၁၀)အောက် ကလေး(၃၂)ဦးအား ဉာဏ်ရည် ဉာဏ်သွေးပိုမိုဖွံ့ဖြိုး တိုးတက်စေရန် Mother Milk နွားနို့ဗူး(၆၀)ဗူးကို တိုက်ကျွေးခဲ့ပြီး မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီ နှင့် တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ အပတ်စဉ်အင်္ဂါနေ့နှင့် သောကြာနေ့များတွင် (၈)လ တိုက်ကျွေး ပေးသွားမည် ဖြစ်ကြောင်းသိရသည်။
တင်တင်ထွေး