နာဂဒေသ၊ လဟယ်မြို့နယ်အတွင်း၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေကျပ် (၆၃၈.၈၂၀) သန်းဖြင့် ဆောင်ရွက်သော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ နယ်စပ် ရေးရာ ဝန်ကြီးဌာန၊ နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုး

မိုင်းယောင်းမြို့နယ်မှ တောင်ပေါ်ရွာများ၌ ကိုဗစ်-၁၉ ကာကွယ်ရေး အသိပညာပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယောင်းမြို့နယ်အတွင်း တောင်ပေါ်ဒေသ တိုင်းရင်းသားကျေးရွာများ ဖြစ်သော ဟွေဖကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း၊ ကိုယ်အပူချိန်တိုင်းပေးခြင်း၊ ဆပ်ပြာခဲများ ထောက်ပံ့ပေးအပ်ခြင်း၊ နှာခေါင်းစည်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း စသည်တို့ကို မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့က ယမန်နေ့တွင် သွားရောက်ဆောင်ရွက်ခဲ့သည်။

ဝါးခယ်မ ပြည်သူ့ဆေးရုံ၌ ကိုဗစ် - ၁၉ ရောဂါ အတည်ပြုလူနာ ၁၁ ဦးအနက်မှ ၇ ဦး ဆေးရုံဆင်းခွင့်ရ

ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ် ပြည်သူ့ဆေးရုံ၌ ကိုဗစ် - ၁၉ ရောဂါ အတည်ပြုလာနာ ၁၁ ဦး အနက် ၇ ဦးမှာ ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက သက်မှတ်ရက်ပြည့်ပြီး ရောဂါပိုး ကင်စင်ပြီဖြစ်၍ ဆေးရုံမှ ဆင်းခွင့် ရရှိကြောင်း သိရသည်။

မောက်မယ်မြို့နယ် လူထုဗဟိုပြုစီမံကိန်း (ဒုတိယ)နှစ်စက်ဝန်းတွင် ဆောင်ရွက်သော လုပ်ငန်းများရာနှုန်းပြည့်ပြီးစီး

စိုက်ပျိုးရေး၊ မွေးမြူးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် လူထုဗဟိုပြုစီမံကိန်း (ဒုတိယ)နှစ်စက်ဝန်း အတွင်း ကျေးရွာအုပ်စု(၈) အုပ်စု၊ ကျေးရွာပေါင်း(၁၀၃) ရွာမှ စီမံကိန်း လုပ်ငန်းခွဲပေါင်း (၇၈) ခုတို့အား အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။

ယင်းမာပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရုပ်ပုံများ ပြသဆောင်ရွက်

ယင်းမာပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ အသိပညာပေးရုပ်ပုံများကို ယနေ့နံနက်ပိုင်းက စ၍ ပြသဆောင်ရွက် ထားရှိကြောင်းသိရသည်။

ကချင်ပြည်နယ်အတွင်း ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေး ညှိနှိုင်း အစည်းအဝေး ကျင်းပ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကချင်ပြည်နယ်အတွင်း အောင်မြင်စွာ ကျင်းပ ပြုလုပ်နိုင်ရေးအတွက် ရွေးကောက်ပွဲကာလအတွင်း ရွေးကောက်ပွဲဆိုင်ရာလုံခြုံရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခန်းမ၌ ကျင်းပသည်။

မုဒုံမြို့နယ် ကတုံးပေါ်ကျေးရွာတွင် မြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့ရသည့် နေအိမ်(၆)လုံးအတွက် ထောက်ပံ့ငွေပေးအပ်

မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်အတွင်းရှိ ကတုံးပေါ်ကျေးရွာတွင် စက်တင်ဘာ၂၄ ရက်နေ့က ဖြစ်ပွားခဲ့သော ချောင်းကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့ရ သည့် နေအိမ်(၆)လုံးအတွက် ယမန်နေ့ ညနေ ၃ နာရီက ထောက်ပံ့ငွေပေးအပ် ခဲ့ကြောင်း သိရသည်။

ကျိုင်းတောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေးရုပ်ပုံများပြသ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် တားဆီးနိုင်ရေးအတွက် ပြည်သူများအနေဖြင့် သတင်းအချက်အလက်များ မှန်ကန်စွာသိရှိပြီး အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ ရုံးရှေ့မြေစိုက်ပြဘုတ်တွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေးရုပ်ပုံများ ပြသပေးလျက်ရှိသည်။

ပုလောမြို့နယ်၌ ကိုဗစ်−၁၉ ရောဂါကာကွယ်နိုင်ရေး နှာခေါင်းစည်း Mask များ အခမဲ့ ဖြန့်ဝေ

အောက်တိုဘာလ (၁၃)ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ သဘာ၀ထိခိုက် ဆုံးရှုံးနိုင် ခြေလျော့ချရေးနေ့ (IDDRR)

မော်လမြိုင်မြို့ ဆေးရုံကြီးရှိ ဆရာ၊ ဆရာမများနှင့် လူနာများအတွက် နေ့စဉ် စားသောက်ဖွယ်ရာများ လှူဒါန်း

မွန်ပြည်နယ် မော်လမြိုင်မြို့ တောင်ဝိုင်းဘုရားလမ်း၊ ဇေတဝန်ကျောင်း တိုက်ရှိ (သာသနာနွယ် ဖောင်ဒေးရှင်း) ပဓာနနာယကဆရာတော်အရှင် ဆန္ဒဇောတိမှ ဦးဆောင်၍ မော်လမြိုင် ဆေးရုံကြီးရှိ ဆရာ၊ ဆရာမများနှင့် ကိုဗစ်-၁၉ ရောဂါ ဝေဒနာရှင်များအတွက် အာဟာရဒါနတို့ကို နေ့စဉ် လှုဒါန်းလျက်ရှိရာ ယနေ့ညနေပိုင်းအထိ (၁၀၉) ရက်မြောက်နေ့ လှူဒါန်းပြီးဖြစ်ကြောင်း သိရသည်။
Subscribe to