မြင်းခြံမြို့နယ်၌ ပညာရေးစုံညီပွဲတော် ကျင်းပ
မြင်းခြံ ဇန်နဝါရီ ၈
မန္တလေးတိုင်းဒေသကြီး ၊ မြင်းခြံမြို့ ၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ဧရာဝတီ ခန်းမတွင် (၂၀၁၉-၂၀၂၀)ပညာသင်နှစ် မြို့နယ်ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက်(၉)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
မြင်းခြံ ဇန်နဝါရီ ၈
မန္တလေးတိုင်းဒေသကြီး ၊ မြင်းခြံမြို့ ၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ဧရာဝတီ ခန်းမတွင် (၂၀၁၉-၂၀၂၀)ပညာသင်နှစ် မြို့နယ်ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက်(၉)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
မင်းတပ် ဇန်နဝါရီ ၉
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမအသင်းစုတို့အနေဖြင့် မြို့နယ်အခြေခံ သမဝါယမအသင်းစုများသို့ (၁၃) ကြိမ်မြောက် China EXIM Bank ချေးငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်သမဝါယမရုံးခန်းမတွင် ကျင်းပပြုလုပ်သည်။
မိတ္ထီလာ ဇန်နဝါရီ ၈
မိတ္ထီလာမြို့နယ်၌ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် ၉နာရီ အချိန်က အမှတ် ၂ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
မိုင်းဆတ် ဇန်နဝါရီ ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့နယ်ရှိ ကျေးရွာများတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ တည်းခိုနေထိုင်ရေး အဆင်ပြေစေရန် ရှမ်းပြည်နယ်အစိုးရရန်ပုံငွေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် (၆)ခန်းတွဲ နှစ်ထပ် ဝန်ထမ်းစုပေါင်းရိပ်သာ စတင်တည်ဆောက်လျက်ရှိကြောင်း သိရသည်။
သီပေါ ဇန်နဝါရီ ၉
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ဘော်ကြိုကျေးရွာတွင် မှုခင်းကျဆင်းရေးအသိပညာပေး ဟောပြာပွဲကို ဘော်ကြိုကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ယမန်နေ့ နံနက် (၉) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ကျိုက်မရော ဇန်နဂါရီ ၈
မွန်ပြည်နယ် ကျိုက်မရောမြို့နယ် နတ်စမ်းကွင်းရှိ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ် စမ်းသပ်စိုက်ကွက်၌ ဆောင်းရာသီ သီးနှံအဖြစ် အစေ့ထုတ်ပြောင်းများ စမ်းသပ်စိုက်ပျိုးခြင်းကို ယနေ့နံနက် ၉ နာရီက စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှတင်မောင်နှင့် စိုက်ပျိုးရေး ဝန်ထမ်းများနှင့် နတ်စမ်းကျေးရွာ တောင်သူများ ပူးပေါင်း၍ အစေ့ထုတ်ပြောင်းများ စမ်းသပ်စိုက်ပျိုးခြင်းကို စတင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကျောက်ပန်းတောင်း ဇန်နဝါရီ ၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲကို၊ ယမန်နေ့ မွန်းလွဲ(၂)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စကားဝါမြေခန်းမတွင် ပြုလုပ်ခဲ့သည်။
ယင်းမာပင် ဇန်နဝါရီ ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်တွင် စာရေးဆရာအသင်းဖွဲ့စည်း အတည်ပြုနိုင်ရေးနှင့် စာပေဟောပြောပွဲ ကျင်းပဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ယင်းမာပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
မအူပင် ဇန်နဝါရီ ၈
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် မြို့ဖွံ့ဖြိုးတိုးတက်ရေးနှင့် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်လျက်ရှိရာ မြို့နယ်အတွင်း သတ်မှတ်ထားသည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာပြီး ယာဉ်အန္တရာယ်ကင်းဝေးရေးအတွက် ဆိုင်ကယ်ကယ်ရီများ စနစ်တကျပြေးဆွဲရေး ဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မအူပင် ဇန်နဝါရီ ၈
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့ပေါ်ရှိ ရေလဲလမ်းမကြီးတစ်လျှောက် အောက်ခံမြေသား မကောင်းသည့် မြို့နယ်မီးသတ်ဦးစီးဌာနရုံးရှေ့၌ ကွန်ကရစ်လောင်းခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ဆောင်ရွက်ခဲ့သည်။
Copyright 2020