ငွေဆောင်မြို့၌ သစ္စာစီမံချက်ဖြင့် ဆောင်ရွက်ပေးခဲ့သော နိုင်ငံသားစိစစ်ရေးကတ်များအား Social Distancing နှင့်အညီ ကျေးရွာအုပ်စုအလိုက် ပေးအပ်

ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် နိုင်ငံသား စိစစ်ရေးကတ်ပြား မရှိသူများအား မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ ဦးစီးဌာနက သစ္စာစီမံချက်ဖြင့် ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သော နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ယနေ့နံနက် ၈ နာရီအချိန်က အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံး၌ ပေးအပ်ခဲ့ကြောင်း သိရသည်။

သာယာဝတီမြို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာများ ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံဆင်းခွင့်ပြု

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာများအား ယမန်နေ့က ဆေးရုံမှ ပြန်လည်ဆင်းခွင့်ပြုကြောင်း သိရသည်။

ငရုတ်ကောင်းမြို့၌ မဲရုံလုံခြုံရေးတာဝန် ထမ်းဆောင်မည့် အထူးရဲ(၃၇)ဦးအား Swab ယူစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် မဲရုံလုံခြုံရေး တာဝန် ထမ်းဆောင်မည့် အထူးရဲသင်တန်းသားများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊မရှိ Antigen Rapid Diagnostic Test Kit ဖြင့် ယနေ့ နံနက်ပိုင်းတွင် ငရုတ်ကောင်းမြို့ ရဲတပ်ဖွဲ့စခန်း၌ စစ်ဆေးခဲ့ကြောင်းသိရသည်။

နောင်ချိုမြို့၌ သုံးစွဲရန်မသင့်သောတိုင်းရင်းဆေးဝါးများ စျေးကွက်အတွင်းရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ကျောက်မဲခရိုင်၊ နောင်ချိုမြို့တွင်းရှိ တိုင်းရင်းဆေးအရောင်းဆိုင်များတွင် သုံးစွဲရန်မသင့်သော တိုင်းရင်းဆေးများအား စျေးကွက်အတွင်းရောင်းချမှု ရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန် က ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျိုင်းတုံမြို့နယ် မိုင်းပန်လယ်ကျေးရွာအုပ်စုတွင် ကျောက်ခင်းခြင်း လုပ်ငန်းနှင့် ဘေလီတံတား ဖောက်လုပ်ပြီးစီး

နယ်စပ်ရေးရာဝန်ကြီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု) ခွင့်ပြုရန်ပုံငွေကျပ် (၂၃၉.၆၂)သန်းဖြင့် မိုင်းပန်လယ်ကျေးရွာအုပ်စု ကျိုင်းတုံ -တောင်ကြီးလမ်းမကြီးမှ မိုင်းပန်အောက်ရွာအထိ မြေလမ်း (၄/၄)မိုင်အနက် (၁/၀)မိုင် ကျောက်ခင်းခြင်းလုပ်ငန်းနှင့် အလျား(၄၀) ပေ တစ်လွှာတစ်ထပ် သံဘောင်ဘေလီတံတားတစ်စင်း တည်ဆောက်ခြင်းလုပ်ငန်း ပြီးစီးခဲ့ကြောင်း သိရသည်။

UNESCO မှ ပေးပို့လာသော ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှင့် ပတ်သက်သည့် အသိပညာပေး ရုပ်ပုံများအား မြေစိုက်နံရံကပ် ဘုတ်တွင်ပြသ

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိ မြေစိုက်နံရံကပ်ဘုတ်တွင် UNESCO မှ ပေးပို့လာသော ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှင့် ပတ်သက်သည့် အသိပညာပေးရုပ်ပုံများအား ယနေ့နေ့လယ်ကစ၍ ပြသထားရှိကြောင်း သိရသည်။

မြစ်သားမြို့နယ်တွင် အသက်(၈၀)နှစ်နှင့် (၈၅) နှစ်ကြား သက်ကြီးဘိုးဘွား (၁၄၅၀) ဦးအား ထောက်ပံ့ငွေများပေးအပ်

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် အသက်(၈၀)နှစ်နှင့် (၈၅)နှစ်ကြား သက်ကြီး ဘိုးဘွားများအား နိုင်ငံတော်မှ တစ်ဦးလျှင် ငွေကျပ် (၃၀၀၀၀)နှုန်း ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ မွန်းလွဲ(၁)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ထောက်ပံ့ပေးအပ်ခဲ့သည်။

လှိုင်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ Y-Friend ကုမ္ပဏီမှ PPE ဝတ်စုံ အစုံ (၂၀၀) လှူဒါန်း

ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ လှိုင်မြို့ နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အ ရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ ယ​မန်နေ့နံနက်ပိုင်းက လှိုင်မြို့နယ်အတွင်းရှိ Hlaing Quarantine Center (1),(2),(3),(4),(5) နှင့် Hlaing Fever Clinic တို့တွင် အသုံးပြုရန်အတွက် တစ်စုံလျှင် (၈၀၀၀)တန်ဖိုးရှိ PPE ဝတ်စုံ အစုံ(၂၀၀)အား အလှုရှင် Y-Friend ကုမ္ပဏီကိုယ်စား လှိုင်မြို့နယ် ကိုဗစ်-၁၉ကော်မတီထံသို့ ပေးအပ် လှုဒါန်းခဲ့သည်။​​

​ကျောက်တံခါးမြို့နယ်တွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ပြည်သူများအား နှာခေါင်းစည်း (Mask)များအခမဲ့ဖြန့်ဝေ

ပဲခူးခရိုင်၊ ​ကျောက်တံခါးမြို့နယ်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ အပြည်ပြည်ဆိုင်ရာ သဘာဝ ဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကိုဗစ်-၁၉​ရောဂါ ကာကွယ်ထိန်းချုပ်​နိုင်​ရေးအတွက် နှာခေါင်းစည်း(Mask)များအား ယမန်နေ့က မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန ရုံးဝန်ထမ်းများနှင့် ရပ်/​ကျေးစာ​​ရေးများ၊ မြို့မ​စျေးအတွင်းရှိ ပြည်သူများအား နှာ​ခေါင်းစည်း များ လက်ဝယ်အ​ရောက် အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။

Cash for Work စီမံကိန်းနှင့် ကျေးရွာ မတည်ရန်ပုံငွေ VRFP စီမံကိန်း ဖြင့်ဆောင်ရွက်‌သော လုပ်ငန်းများ ကွင်းဆင်း စစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်တွင် Cash for Work စီမံကိန်းနှင့် ကျေးရွာမတည်ရန်ပုံငွေ VRFP စီမံကိန်း ဖြင့်ဆောင်ရွက်‌သော လုပ်ငန်းများ‌ ဆောင်ရွက်ပြီးစီးမှု အခြေအနေကို ယမန်နေ့က ဟင်္သာတခရိုင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်သက်ရှည်နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Subscribe to