ကျောက်တံခါးမြို့နယ်တွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ပြည်သူများအား နှာခေါင်းစည်း (Mask)များအခမဲ့ဖြန့်ဝေ
ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ အပြည်ပြည်ဆိုင်ရာ သဘာဝ ဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နှာခေါင်းစည်း(Mask)များအား ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝန်ထမ်းများနှင့် ရပ်/ကျေးစာရေးများ၊ မြို့မစျေးအတွင်းရှိ ပြည်သူများအား နှာခေါင်းစည်း များ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။