ကျိုင်းတုံ အောက်တိုဘာ ၁၄
နယ်စပ်ရေးရာဝန်ကြီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု) ခွင့်ပြု ရန်ပုံငွေကျပ် (၂၃၉.၆၂)သန်းဖြင့် မိုင်းပန်လယ်ကျေးရွာအုပ်စု ကျိုင်းတုံ -တောင်ကြီးလမ်းမကြီးမှ မိုင်းပန် အောက်ရွာအထိ မြေလမ်း (၄/၄)မိုင်အနက် (၁/၀)မိုင် ကျောက်ခင်းခြင်းလုပ်ငန်းနှင့် အလျား(၄၀) ပေ တစ်လွှာတစ်ထပ် သံဘောင်ဘေလီတံတားတစ်စင်း တည်ဆောက်ခြင်းလုပ်ငန်း ပြီးစီးကြောင်း သိရသည်။
ယင်းကဲ့သို့ ဆောင်ရွက်ပြီးစီးခဲ့သော ကျောက်ခင်းခြင်းလုပ်ငန်းနှင့် သံဘောင်ဘေလီတံတား တစ်စင်း ဆောက်လုပ်ခဲ့ခြင်း ကြောင့် မိုင်းပန်လယ်၊ မိုင်းပန်ထက်၊ မိုင်းပန်အောက်၊ ဖားဟော်၊ ဘုံသီး၊ ပိန်းအွတ်၊ ဝမ်ကျုံး(၁/၂)၊ ပန်းလုံ၊ ဖာလျန့်၊ ဝမ်မိုက်ဆန်း ကျေးရွာများရှိ ဒေသခံ ရှမ်း၊ အာခါ၊ လားဟူ၊ ပလောင်၊ လီရှောစသော နယ်စပ်ဒေသရှိ တိုင်းရင်းသားများ၏ အိမ်ခြေ(၉၅၆)အိမ်၊ လူဦးရေ (၂၇၃၂)ဦး အတွက် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတွင် များစွာအထောက်အကူပြုကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။
ငုချိုချိုကျော် (ပြန်/ဆက်)