ဖားကန့်မြို့နယ် လုံးခင်းနယ်မြေ ရဲစခန်းအား အသွားအလာကန့်သတ်ထားရှိဆောင်ရွက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းနယ်မြေရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်တစ်ဦးသည် မန္တလေး ရဲသင်တန်းကျောင်းမှ နယ်ထိန်းသင်တန်းဆင်းပြန်လာပြီး ဓါတ်ခွဲစစ်ဆေးချက် အဖြေရယူမှုတွင် အောက်တိုဘာ ၁၃ ရက် ထုတ်ပြန်ချက် အဖြေအရ ကိုဗစ်-၁၉ရောဂါပိုး တွေ့ခဲ့ရပြီးနောက် လုံးခင်းနယ်မြေ ရဲစခန်းကို အသွားအလာ ကန့်သတ် ထားလိုက်ကြောင်း သိရသည်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့တွင် မဲရုံမှူးတာဝန်ထမ်းဆောင်မည့် ဌာနေပြန် ကျောင်း ဆရာ/မ (၃၃၆) ကို အသွားအလာ ကန့်သတ် စောင့်ကြည့်နေရာချထားနိုင်ရေး အစည်းအဝေးပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ(၈) ရက်နေ့ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံမှူးတာဝန်ထမ်းဆောင်ကြရန် ရောက်ရှိလာမည့် ဌာနေပြန်ကျောင်းဆရာ/မများ (၃၃၆) ဦးကို အသွားအလာကန့်သတ် စောင့်ကြည့် နေရာချထားနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွှဲ ၂ နာရီအချိန်က မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရွှေပန်းတောနယ်မြေ မီးသတ်တပ်ဖွဲ့စခန်းသို့ မီးသတ်ရေသယ်ယာဉ်တစ်စီး လွှဲပြောင်းပေးအပ်

ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ် ရွှေပန်းတောနယ်မြေ မီးသတ်တပ်ဖွဲ့စခန်းတွင် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ် ရန်ကုန်မှ ထောက်ပံ့သော မီးသတ်ရေသယ်ယာဉ်လွှဲပြောင်း ပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ကွတ်ခိုင်မြို့တွင် အထူးရဲသင်တန်းသား (၁၃၇) ဦးကို Antigen Rapid Diagnostic Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်အတွင်းရှိ မဲရုံများ၌ တာဝန်ထမ်းဆောင်မည့် အထူးရဲ သင်တန်းသား (၁၇၃)ဦးကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက Antigen Rapid Diagnostic Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိစစ်ဆေးခြင်းကို အောက်တိုဘာ (၁၂)ရက်နေ့နှင့် (၁၃)ရက်နေ့တို့တွင် ကွင်းဆင်းစစ်ဆေးသည်။

လွိုင်ကော်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် Mask တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးဆောင်ရွက်

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး ကြိုတင်ကာကွယ်နိုင်ရန်နှင့် ပြည်သူများ အိမ်အပြင်ထွက်ပါက မဖြစ်မနေ Mask တပ်ဆင်သည့် အလေ့အထရရှိစေရန် ရည်ရွယ်၍ လမ်းသွား၊ လမ်းလာပြည်သူများအား Mask တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေးခြင်းနှင့် Mask တပ်ဆင်ခြင်းမရှိသော ပြည်သူများအား Mask တပ်ဆင်စေခြင်းကို နေ့စဉ် နေ့/ညမပျက်စစ်ဆေးမှုများ ဆောက်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက လွိုင်ကော်မြို့ သီရိမင်္ဂလာဈေး၌ ဆောင်ရွက်ခဲ့သည်။

ကျီခါးမြို့ မီးသတ်ဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန၏ အသိပေး ထုတ်ပြန်ချက်များအား ကျေးရွာများသို့ လှည့်လည်အသိပေးနှိုးဆော်

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ကျီခါးမြို့ မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့၀င်များသည် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန၏ အသိပေးထုတ်ပြန်ချက်များအား ကျေးလက်နေ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် ယနေ့နံနက် (၁၀) နာရီအချိန်က ကန့်ဆောက် ကျေးရွာအုပ်စု၊ ခေါဒမ် ကျေးရွာသို့ အသံချဲ့စက်ဖြင့် လှည့်လည်အသိပေး နှိုး‌ဆော်ခြင်းများ စုပေါင်းဆောင် ရွက်ခဲ့ကြကြောင်း သိရသည်။

ဇလွန်မြို့နယ် ပညာရေးဌာန မိသားစုများမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန် အတွက် အလှူငွေများလှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် ပညာရေးဌာန မိသားစုများမှ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် အလှူငွေများအား ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်ခန့်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ပေးအပ်လှူဒါန်း ခဲ့သည်။

ဒုဌဝတီမြစ်ရေကိုသန့်စင်၍ ပြည်ကြီးတံခွန်မြို့နယ်အတွက် ရေပေးဝေရေးစီမံကိန်းကို ၂၀၂၁ ခုနှစ်မှသာ စတင်နိုင်မည်

နယ်သာလန်နိုင်ငံနှင့် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်းဆောင်ရွက်မည့် ဒုဌဝတီမြစ်ရေကို သန့်စင်၍ ပြည်ကြီးတံခွန်မြို့နယ်အတွက် ရေပေးဝေရေးစီမံကိန်းကို ၂၀၂၁ ခုနှစ်နှစ်ဆန်းပိုင်းမှသာ စတင်နိုင်မည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးစောဟန်က ပြောကြားသည်။

ပေါင်းတည်မြို့တွင် ကိုဗစ်၁၉ရောဂါကာကွယ်ရေး ထိန်းချုပ်လုပ်ငန်းများတွင် အသုံးပြုရန်  အတွက် အလှူငွေ ပေးအပ်လှူဒါန်း

ပဲခူးတိုင်း ဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင်  ကိုဗစ်  ၁၉ ရောဂါကာကွယ်ရေး ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်  အတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်  တုံ့ပြန်ရေး ကော်မတီသို့
Subscribe to