ဗန်းမော်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေခြင်း ဆောင်ရွက်
ဗန်းမော်ခရိုင် ဗန်းမော်မြို့နယ်တွင် ကမ္ဘာနှင့်တစ်ဝှမ်းဖြစ်ပွားလျှက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှင့် ပတ်သက်၍ ပြည်သူများကျန်းမာရေး ဗဟုသုတရရှိစေရန်အတွက် ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ပြည်သူများအား “ကိုဗစ်-၁၉ မပြန့်ပွားဖို့ မိမိကစ၍ကာကွယ်စို့ ”အသိပညာပေး သတင်းစကားလက်ကမ်း စာစောင်များကို ယနေ့ နံနက် ၁၀နာရီအချိန်တွင် ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။