မြစ်သား အောက်တိုဘာ ၁၄
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် အသက်(၈၀)နှစ်နှင့် (၈၅)နှစ်ကြား သက်ကြီး ဘိုးဘွားများအား နိုင်ငံတော်မှ တစ်ဦးလျှင် ငွေကျပ် (၃၀၀၀၀)နှုန်း ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ မွန်းလွဲ(၁)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ထောက်ပံ့ပေးအပ်ခဲ့သည်။
နိုင်ငံတော်မှ ကိုဗစ်-၁၉ ရောဂါကာလအတွင်း စီးပွားရေးကုစားမှု အစီအစဉ်အရ အသက်(၈၀) နှစ်နှင့် (၈၅) နှစ်ကြား သက်ကြီး ဘိုးဘွားများအား တစ်ဦးလျှင် ငွေကျပ်(၃၀၀၀၀)နှုန်းဖြင့် ထောက်ပံ့ခြင်းဖြစ်ပြီး မြစ်သားမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စု(၉၁)အုပ်စုမှ သက်ကြီးဘိုးဘွား (၁၄၅၀) ဦး အတွက် စုစုပေါင်း ငွေကျပ် (၄၃၅)သိန်းကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးသို့ လာရောက်ထုတ်ယူခဲ့ကြပြီး အဆိုပါထောက်ပံ့ငွေများကို ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများမှ သက်ကြီးဘိုးဘွားများ၏ နေအိမ်သို့ သွားရောက်၍ လက်ဝယ်အရောက် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြမြမွန်(ပြန်/ဆက်)