နောင်ချို အောက်တိုဘာ ၁၄
ကျောက်မဲခရိုင်၊ နောင်ချိုမြို့တွင်းရှိ တိုင်းရင်းဆေးအရောင်းဆိုင်များတွင် သုံးစွဲရန်မသင့်သော တိုင်းရင်းဆေးများ အား စျေးကွက်အတွင်းရောင်းချမှု ရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန် က ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန တာဝန်ခံ ဦးပေါင်ခန့်လန် က ဦးဆောင်၍ မြို့နယ်တိုင်းရင်းဆေးကုဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး ဌာနတို့ ပူးပေါင်း၍ နောင်ချိုမြို့ပေါ်ရှိ တိုင်းရင်းဆေးအရောင်းဆိုင်များတွင် ဆေးဝါးမှတ်ပုံတင်ထားခြင်းမရှိသည့် ဆေးလျှက်ဆားနှင့် အများပြည်သူများ သုံးစွဲရန်မသင့်သော တိုင်းရင်းဆေးများ၊ ဆေးဝါးအတုများ၊ ဆေးဝါး မှတ်ပုံတင်မရှိ သည့်ဆေးဝါးများ ဝယ်ယူတင်သွင်းဖြန့်ချိရောင်းချမှု မရှိစေရေး လိုက်လံစစ်ဆေးပြီး စစ်ဆေး တွေ့ရှိပါက စားသုံးသူကာကွယ်ရေးဥပဒေဖြင့် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထွေးငယ် (နောင်ချို၊ပြန်/ဆက်)