Cash for Work စီမံကိန်းနှင့် ကျေးရွာ မတည်ရန်ပုံငွေ VRFP စီမံကိန်း ဖြင့်ဆောင်ရွက်‌သော လုပ်ငန်းများ ကွင်းဆင်း စစ်ဆေး

ဟင်္သာတ  အောက်တိုဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်တွင် Cash for Work စီမံကိန်းနှင့် ကျေးရွာမတည်ရန်ပုံငွေ VRFP စီမံကိန်း ဖြင့်ဆောင်ရွက်သော လုပ်ငန်းများ‌ ဆောင်ရွက်ပြီးစီးမှု အခြေအနေကို ယမန်နေ့က ဟင်္သာတခရိုင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်သက်ရှည်နှင့် တာဝန်ရှိသူများက  ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် သင်္ဘန်းကုန်း ကျေးရွာအုပ်စု၊ ပျဉ်ထောင်ကွင်းကျေးရွာ၌ Cash for   Work စီမံကိန်းဖြင့် လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် မရမ်းချို အုပ်စု၊ သရက်အိုင်‌ ကျေးရွာ၌ မတည်ရန်ပုံငွေ VRFP စီမံကိန်းဖြင့် လုပ်ငန်းများ အကောင်ထည်ဖော် ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူး ဒေါ်သန္တာစိုးနှင့်စီမံကိန်းတာဝန်ခံများ၊ ကျေးရွာတာဝန်ခံများကို လိုအပ်သည်များ  ဖြည့်စွက်မှာကြားခဲ့သည်။

အဆိုပါကျေးရွာများတွင်  ဟင်္သာတမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ နိုင်ငံတော်က ချမှတ်ထားသော ကိုဗစ်ကာလ စီးပွားရေးကုစားမှု အစီအစဉ် Covid-19 Economic Relief Plan (CERP) အရ ကျေးလက်ဒေသနေ မိသားစုများ ဝင်ငွေလျော့နည်းလာမှုနဲ့ စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန်အတွက် Cash for Work စီမံကိန်းနှင့် ကျေးရွာမတည်ရန်ပုံငွေ VRFP စီမံကိန်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ပြီး စီမံကိန်း ကျေးရွာကြီးကြပ်မှု ကော်မတီဦးဆောင်ပြီး  ဒေသနှင့်ကိုက်ညီသည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်း များကို လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

ကျော်ကျော်(ပြန်/ဆက်)