သာယာဝတီမြို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာများ ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံဆင်းခွင့်ပြု

သာယာဝတီ အောက်တိုဘာ ၁၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာများအား ယမန်နေ့က ဆေးရုံမှ ပြန်လည်ဆင်းခွင့်ပြုကြောင်း သိရသည်။

အဆိုပါလူနာများသည် အိပ်လဟာကျေးရွာမှ(၁)ဦး၊ အောက်လက်ပံခုန်ကျေးရွာမှ (၂)ဦး၊ ညောင်ကောက် ကွေး ကျေးရွာမှ(၃)ဦး၊ သခွပ်ကုန်းမှ (၁)ဦး၊ ကညင်ကောက်ကျေးရွာ (၂)ဦး၊ ပြည့်စင်ကုန်းကျေးရွာမှ (၃)ဦး၊ နိဗ္ဗာန်ကုန်းကျေးရွာမှ(၁)ဦး၊ ပတ္တော်ကျေးရွာမှ(၁)ဦး၊ ဆင်စခန်းကျေးရွာမှ (၁)ဦး၊ ချီကြီးကွင်း ကျေးရွာမှ (၁)ဦး၊ ကရင်သပြေကုန်းကျေးရွာမှ (၁)ဦး၊ တုံးစမ်းကျေးရွာမှ (၁)ဦး စုစုပေါင်း (၂၁)ဦးသည် ကျန်းမာရေးပြန်လည် ကောင်းမွန်လာသဖြင့်  ဆေးရုံဆင်းခွင့်ရ၍ နေရပ်သို့ ပြန်ခွင့်ပြုပြီး သာယာဝတီ ခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ကျန်ရှိသည့် ကိုဗစ်-၁၉ အတည်ပြု လူနာ (၃၀)ဦးသည် ဆေးကုသမှုခံ ယူလျက်ရှိကြောင်း သိရသည်။

သန့်ဇော်(သာယာဝတီ)