ငွေဆောင် အောက်တိုဘာ ၁၄
ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် နိုင်ငံသား စိစစ်ရေးကတ်ပြား မရှိသူများအား မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနက သစ္စာစီမံချက်ဖြင့် ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သော နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ယနေ့နံနက် ၈ နာရီအချိန်က အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံး၌ ပေးအပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန မြို့ရုံးဦးစီးမှူးဦးသက်ခိုင်မှ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်နှင့် ကျောက်ဖျာကျေးရွာအုပ်စုတို့မှ နိုင်ငံသားစိစစ်ရေး ကတ်လဲလှယ်သူနှင့် အသက် ၁၈ နှစ်ပြည့်ပြီးသူ ၂၁၁ ဦး၏ နိုင်ငံသားစိစစ်ရေး ကတ်ပြားများအား ကိုဗစ်-၁၉ရောဂါကာလ လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံမှ တစ်ဆင့် ပေးအပ်ခဲ့ကြောင်း သိရသည်။
မူမူသွင်(ပြန်/ဆက်)