တောင်တွင်းကြီး အောက်တိုဘာ ၁၄
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိ မြေစိုက်နံရံကပ်ဘုတ်တွင် UNESCO မှ ပေးပို့လာသော ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှင့် ပတ်သက်သည့် အသိပညာပေးရုပ်ပုံများအား ယနေ့နေ့လယ်ကစ၍ ပြသထားရှိကြောင်း သိရသည်။
အဆိုပါ မြေစိုက်နံရံကပ်ဘုတ်တွင် ကိုဗစ်-၁၉ ဆိုင်ရာ အသိပညာပေး ရုပ်ပုံများဖြစ်သည့် ကလေးများနှင့်အတူစာဖတ်ပါ၊ သတင်းအချက်အလက်များက မည်သို့ ဆက်စပ်အရေးပါ ကြောင်း ကလေးများနှင့်အတူ ဆွေးနွေးပါ၊ ကလေးသူငယ်/လူငယ်နှင့် လူမှုမီဒီယာအသုံးပြုမှု သဘောတူညီချက်တစ်ရပ်ပြုလုပ်ပါ၊ မီဒီယာနှင့်သတင်းအချက်အလက်သိနားလည်မှုရှိသော မိဘ/အုပ် ထိန်းမှုအတက်ပညာ-နည်းလမ်းများ၊ ရုပ်ရှင်အတူကြည့်ပါ၊ မီဒီယာနှင့်သတင်း အချက်အလက် သိနားလည်မှု ရှိသောမိဘ/ အုပ်ထိန်းမှုအတက်ပညာနှင့် လုပ်ကြံသတင်းများ၊ အတက်ပညာဆိုသည်မှာ အဘယ်နည်း၊ အတက်ပညာနှင့် ကျန်းမာရေး၊ သမိုင်း၀င် တည်နေ ရာများကို ပုံရိပ်ယောင်နည်းပညာဖြင့်သွားရောက်လေ့လာရာ၀ယ်၊ လူမှုမီဒီယာပေါ်တွင် ဘေးကင်း လုံခြုံမှုအကြောင်း ဆွေးနွေးရာတွင် ဆောင်ရန်နှင့်ရှောင်ရန်များ၊ သတင်းခွဲခြမ်း စိတ်ဖြာမှုနှင့် ထင်မြင်ယူဆချက်များ စသည့် UNESCO မှ ပေးပို့လာသော ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှင့် ပတ်သက်သည့် အသိပညာပေး ရုပ်ပုံများအား ပြသထားရှိကြောင်း သိရသည်။
အေးမိုးမိုးမြင့် (ပြန်/ဆက်)