လှိုင်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ Y-Friend ကုမ္ပဏီမှ PPE ဝတ်စုံ အစုံ (၂၀၀) လှူဒါန်း

လှိုင်   ​အောက်တိုဘာ    ၁၄

ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ လှိုင်မြို့ နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အ ရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ ယ​မန်နေ့နံနက်ပိုင်းက လှိုင်မြို့နယ်အတွင်းရှိ Hlaing Quarantine Center (1),(2),(3),(4),(5) နှင့် Hlaing Fever Clinic တို့တွင် အသုံးပြုရန်အတွက် တစ်စုံလျှင် (၈၀၀၀)တန်ဖိုးရှိ PPE ဝတ်စုံ အစုံ(၂၀၀)အား အလှုရှင် Y-Friend ကုမ္ပဏီကိုယ်စား လှိုင်မြို့နယ် ကိုဗစ်-၁၉ကော်မတီထံသို့ ပေးအပ် လှုဒါန်းခဲ့သည်။​​

ထိုကဲ့သို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ ကာကွယ်ထိန်းချုပ်​ရေး လုပ်ငန်းများ အချိန်နှင့်တပြေးညီ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် လှိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးသို့ အလှူရှင်များ ကိုယ်စားတိုင်း​ဒေသကြီး (၁)လွှတ်​တော်ကိုယ်စားလှယ်​ ဦးကျော်​ကျော်ထွန်းက ယမန်​နေ့နံနက်ပိုင်းက လာ​ရောက်လှူဒါန်းခဲ့ခြင်းဖြစ်ပြီး မြို့နယ်ကိုဗစ်-၁၉ ​ကော်မတီကိုယ်စား ဒုမြို့နယ်အုပ်ချုပ်​​ရေမှူး ဦးစိုင်း​အောင်ထွန်းက လက်ခံရယူခဲ့ ကြောင်း သတင်းရရှိပါသည်။

ကြည်​ဇေ​သော်(ပြန်/ဆက်)