မိုင်းစံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းစံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်း (၂)နာရီအချိန်က အထွေထွေအုပ်ချုပ်ရေး ဉီးစီးဌာန အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့သည်။

တောင်သာမြို့နယ် ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာ(၄)ဦး ရောဂါပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ပြု

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့ ပြည်သူ့ဆေးရုံတွင် ပထမဆုံး ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာ ကုန်ကားသမား (၄) ဦး ရောဂါပျောက်ကင်း၍ ယမန်နေ့နံနက် (၁၀) နာရီ အချိန်က ဆေးရုံဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင် ပြသ

ကရင်ပြည်နယ် ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်သူများ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် သတင်းအချက် အလက်များကို အချိန်နှင့်တပြေးညီ တိကျမှန်ကန်စွာ သိရှိနိုင်စေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်း တွင် ကိုဗစ်-၁၉ ရောဂါ အသိပညာပေး နံရံကပ်စာစောင်များကို ပြသထားကြောင်း သိရသည်။

ဆွမ်ပရာဘွမ်မြို့နယ်၌ သုံးနှစ်သား ကော်ဖီပျိုးပင်ပေးအပ်ပွဲ ကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၌ သုံးနှစ်သား ကော်ဖီပျိုးပင်ပေးအပ်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီခန့်က မြို့နယ်ဘန်ရူခန်းမ၌ ကျင်းပသည်။

တွန်းဇံမြို့၌ အထူးရဲသင်တန်းသားများအား မြို့နယ်အုပ်ချုပ်ရေးမှူးမှ သွားရောက်အားပေး

ချင်းပြည်နယ်၊ တွန်းဇံမြို့၌ ၂၀၂၀ ပြည့်နှစ်၊ ယမန်နေ့နံနက် (၁၀) နာရီအချိန်တွင် အခြေခံပညာ အထက်တန်းကျောင်းတွင် သင်တန်းတက်ရောက်နေကြသော အထူးရဲသင်တန်းသားများအား မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆလိုင်းထောင်မှ သွားရောက်အားပေး အမှာစကား ပြောကြားခဲ့သည်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါး ဆင်းဧကရိ-၃ နည်းပညာပြကွက်အား ကွင်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်တွင် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကြပ်မတ်၍ မိုးစပါး ဆင်းဧကရိ-၃ နည်းပညာပြကွက် လက်တွေ့ စိုက်ပျိုးပြသခဲ့သည့် တောင်သူစိုက်ကွက်များတွင် ယမန်နေ့ညနေပိုင်းက နံစုပ်ပိုး ကျရောက်မှု ရှိ/မရှိ၊ မိုးစပါးအနံထွက်အားကောင်းမှု ရှိ/မရှိတို့ကို ကွင်းဆင်း စစ်ဆေးခဲ့ ကြောင်း သိရသည်။

ဟုမ္မလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နေရောင်ခြည်စွမ်းအင်ဖြင့် ကျေးလက်မီးလင်းရေး ဆောင်ရွက်ပေး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်ဝန်ကြီးဌာန၊ ဟုမ္မလင်းမြို့ နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်ဒေသမီးလင်းရေး National Electrifcation Project (NEP) ICB-4 ဆိုလာစနစ်ဖြင့် ဟုမ္မလင်းမြို့နယ်

အဝေးပြေးခရီးသည် တင်ယာဉ်လုပ်ငန်းလုပ်ကိုင်နေသူများကို ဆန်များထောက်ပံ့ပေး သွားမည်

ကိုဗစ်-၁၉ ဖြစ်ပွားချိန်တွင် အဝေးပြေးယာဉ်လိုင်းများရပ်နားထားရသည့်အတွက် အခက်အခဲ ကြုံနေသော အဝေးပြေးခရီးသည်တင် ယာဉ်လုပ်ငန်းလုပ်ကိုင်နေသူများကို ဆန်များ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အဝေးပြေးယာဉ်လုပ်ငန်း ကြီးကြပ်မှု ကော်မတီကသိရသည်။
Subscribe to