အောင်လံ အောက်တိုဘာလ ၁၆
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့တွင် ယနေ့နံနက် (၄) နာရီခွဲ အချိန်ခန့်က အောင်လံမြို့ ရွာထောင်ရပ်ကွက်ရှိ ကြက်မွေးမြူရေးခြံ၌ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်မှုဖြစ်ပွားရာနေရာသို့ မြို့မရဲစခန်းမှူးနှင့်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးထက်ဇော်မင်း ဦးစီးသောသန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် စုစုပေါင်း(၇၀)ဦးတို့သည် မြို့နယ်မီးသတ်စခန်းမှမီးသတ်ယာဉ်များနှင့် မြို့ပေါ်ရပ်ကွက်များမှ မီးသတ်ယာဉ် စုစုပေါင်း(၉)စီးတို့ဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက်(၅)နာရီ (၃၀)မိနစ် တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။ ယင်းမီးလောင်မှုမှာ ကြက်သားပေါက်များ လျှပ်စစ်မီးလုံးဖြင့် အပူပေးရာမှ အပူလွန်ကဲ၍ ဝါးကြမ်းခင်းနှင့် ဖွဲနုများတို့ မီးကူးစက်လောင်ကျွမ်းခဲ့ပြီး ဝါးကြမ်းခင်း၊ သက္ကယ်မိုး၊ ဝါးခြမ်းကာ၊ ကြက်ခြံ(၃)လုံး၊ ကြက်ကြီးအကောင်ရေ(၄၅၀)ကောင်၊ ကြက်သား ပေါက်(၅၀၀)ကောင်၊ မီးလောင်ဆုံးရုံးခဲ့ပြီး ခြံဝန်းတစ်ခုတည်းကပ်လျက်ရှိ ဝါးကြမ်းခင်း၊ သက္ကယ်မိုး၊ ဝါးခြမ်းကာ၊ ကြက်ခြံ(၄)လုံး၊ ကြက်ကြီးအကောင်ရေ(၁၀၀၀)ကောင် ကြက်သားပေါက်(၁၅၀၀)ကောင်၊ တောင်ဘက်ခြံခြင်းကပ်လျက်ရှိ ဝါးကြမ်းခင်း၊ သက္ကယ်မိုး၊ ဝါးခြမ်းကာ ကြက်ခြံ(၂)လုံး၊ ကြက်ကြီးအကောင်ရေ(၁၀၀)ကောင်၊ သွပ်မိုး၊ ထရံကာ(၁)ထပ်၊ လူနေတဲ နှစ်လုံး၊ သွပ်မိုး၊ ဝါးလုံးကာ၊ မြောတိုင်ထောင်ဝက်ခြံ(၁)ခြံ၊ ဆိုင်ကယ်တစ်စီး၊ မီးလောင် ကျွမ်းခဲ့ပြီး စုစုပေါင်း ကြက်ခြံ(၉)ခြံ၊ လူနေတဲ(၂)လုံး၊ ဝက်ခြံ(၁)ခြံ၊ ကြက်အကောင်ရေ (၃၅၅၀) ကောင်၊ ဆိုင်ကယ်(၁)စီးမီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် တာဝန်ရှိသူ အား အောင်လံမြို့မ ရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း မြို့နယ်မီးသတ် ဦးစီးဌာနမှ သိရသည်။
မျိုးသိန်း(ပြန်/ဆက်)