ဆီဆိုင် အောက်တိုဘာ ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် နိုင်ငံတော်မှထောက်ပံ့ ပေးအပ်သော ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ အသက်(၈၀)နှစ် ပြည့်ပြီး သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေ သုံးသောင်းကျပ်ကို အိမ်တိုင်ရာအရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
ထောက်ပံ့ငွေပေးအပ်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အောင်ချမ်းသာ ရပ်ကွက်စာရေး ဦးခွန်ကျော်ခင်နှင့် အောင်ချမ်းသာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစံဝင်းမောင်တို့က အောင်ချမ်းသာရပ်ကွက်အတွင်းရှိ အသက်(၈၀)နှစ် ပြည့်ပြီး သက်ကြီးအဘိုး(၂)ဦးနှင့် အဘွား(၄)ဦးတို့အား တစ်ဦးလျှင် ထောက်ပံ့ငွေကျပ်(၃၀၀၀၀)၊ စုစုပေါင်းထောက်ပံ့ငွေကျပ် (၁၈၀၀၀၀)ကို ဘိုးဘွားလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ရာ ဘိုးဘွားများက (၉၆) ပါးသော အနာရောဂါကင်းဝေးပြီး လိုရာဆန္ဒပြည့်ဝကြပါစေဟု ဆုတောင်းမေတ္တာ ပြန်လည် ပို့သပေးခဲ့ကြောင်း သိရသည်။
ခွန်ရဲထွေး(ပြန်/ဆက်)