မိုင်းပန်မြို့၌ အထွေထွေရွေးကောက်ပွဲကျင်းပမည့် မဲရုံများသို့ တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့၊ ရပ်ကွက်(၄)ရပ်ကွက်ရှိ မဲဆန္ဒရှင်ပြည်သူများ သက်ဆိုင်ရာလွှတ်တော်များနှင့် တိုင်းရင်းသားလူမျိုး ဆန္ဒမဲပေးမည့် မဲရုံ(၉)ရုံနေရာများသို့ ယနေ့ နံနက်(၈)အချိန်ခန့် က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။