မော်လမြိုင် အောက်တိုဘာ ၁၆
မွန်ပြည်နယ် မော်လမြိုင်၌ ရဲဝန်ထမ်းအငြိမ်းစားများအား ရိက္ခာ(၄)မျိုးထောက်ပံ့ ပေးအပ်ခြင်းအခမ်းအနားကို မွန်ပြည်နယ် ရဲတပ် ဖွဲ့မှူးရုံး ရာမညဇာနည်ခန်းမ၌ ယမန်နေ့ ညနေပိုင်း၌ ကျင်းပ ခဲ့ကြောင်း သိရသည်။
ထိုသို့ထောက်ပံ့ပေးအပ်ပွဲသို့ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် ကိုကိုမောင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေထွဋ်ဦး၊ မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးသက်နိုင်၊ အရာရှိကြီးများနှင့်ရဲဝန်ထမ်းဟောင်း(အငြိမ်းစား)များ တက်ရောက်ကြသည်။
ရှေးဦးစွာ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးဗိုလ်မှူးချုပ် ကိုကိုမောင်က ထောက်ပံ့ ပေးအပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး တာဝန်ရှိသူများက ရဲဝန်ထမ်းဟောင်း (အငြိမ်းစား)(၂၂၀) ဦး တို့အား ဆန်၊ ဆီ၊ ဆား ကုလားပဲခြမ်း ရိက္ခာ(၄) မျိုးနှင့် ငါးသေတ္တာဗူးများ ထောက်ပံ့ပေးအပ်ပြီး ရဲဝန်ထမ်းအငြိမ်းစား (ကိုယ်စား) ဒုရဲမှူးကြီးဦးသိန်းနိုင်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။
ပြည်နယ်(ပြန်/ဆက်)