ပန်းတနော် အောက်တိုဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ရေသန့်စက်ဆောင်ရွက်မည့် သောင်တန်းကျေးရွာရှိမြေနေရာအား ယနေ့နံနက် ၁၀ နာရီကသွားရောက် အတည်ပြုရွေးချယ်ခဲ့ပြီး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက် ခဲ့သည်။
၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်း (မူလ) ရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သော ရေသန့်စင်စက်နှင့် တွင်းနက်လုပ်ငန်းများအား ကျေးရွာမှ ရေရှည်ထိန်းသိမ်း၍ စနစ်တကျသုံးစွဲနိုင်ရေးအတွက် လည်ပတ်ထိန်းသိမ်းရေး လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ ရေကော်မတီလုပ်ငန်းတာဝန်များ၊ စက်မောင်းနှင်ထိန်းသိမ်းနည်းနှင့် ငွေစာရင်းရေးသွင်း ထိန်းသိမ်းနည်းများအား ကျေးရွာရေ ကော်မတီဝင်များသို့ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ခံအင်ဂျင်နီယာမှ အသိပညာပေးခြင်း ဆောင်ရွက်ခဲ့ပြီး ရေသန့်စင်စက် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဆောက်ရွက်မည့် သောင်တန်း ကျေးရွာရှိ မြေနေရာအား အတည်ပြု ရွေးချယ်သတ်မှတ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပန်းတနော်)