ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အပြင်ထွက်တိုင်း နှာခေါင်းစည်း (Mask) တပ်ဆင် ရန် မြို့နယ် ကိုဗစ်-၁၉ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ နေ့စဉ်စစ်ဆေးဆောင်ရွက်

ကွမ်းခြံကုန်း အောက်တိုဘာ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်ကွမ်းခြံကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ယမန်နေ့ နံနက်()နာရီက မြို့မဈေးကြီးအတွင်းနှင့် မြို့လယ်ဗိုလ်ချုပ်လမ်းမ ကြီးပေါ်တွင်  မြို့နယ် ကိုဗစ်-၁၉ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ နေအိမ်ပြင်ပက ထွက်လာသူတိုင်းအား နှာခေါင်းစည်း(Mask)တပ်ဆင်လာခြင်းရှိ၊ မရှိ‌ နေ့စဉ်စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါဆောင်ရွက်မှုတွင် ကိုဗစ်-၁၉ မြို့နယ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဝင်များဖြစ်သည့် ဌာနဆိုင်ရာ များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပူးပေါင်း၍ မြို့မဈေးကြီးအတွင်း ဈေးရောင်းချသူ၊ ဈေးဝယ်သူများအား နှာခေါင်းစည်း (Mask)တပ်ဆင်၍ ရောင်းဝယ်ကြရန် အသိပေးနှိုးဆော်ပြီး လိုက်နာ ဆောင်ရွက်ခြင်းမရှိသူများအား ဒဏ်ကြေးငွေ(၂၀၀)ကျပ် ပေးဆောင်စေပြီး(Mask) တစ်ခုပေးပြီး စနစ် တကျ တပ်ဆင်စေပြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရန် အသိပညာပေး ဆောင်ရွက်ခဲ့ သည်။ အလားတူ ဗိုလ်ချုပ်လမ်းမကြီးပေါ်တွင် နေအိမ်ပြင်ပသွားလာနေ သူများ၊ စက်ဘီး၊ ဆိုင်ကယ်နှင့် မော်တော်ယာဉ်များပေါ်တွင် စီးနင်းလိုက်ပါလာသူများအား နှာခေါင်းစည်း (Mask)တပ်ဆင်လာခြင်းမရှိပါက ဒဏ်ကြေးငွေ(၂၀၀)ကျပ် ပေးဆောင်စေပြီး(Mask) တစ်ခုပေး၍ ချက်ချင်းတပ်ဆင်စေရန် ဆောင်ရွက်ခဲ့ကြသည်။ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်နိုင် ရေးအတွက် ကိုဗစ်-၁၉ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ နေ့စဉ်မြို့မဈေးကြီးနှင့် လူအများ သွားလာရာနေရာများတွင် နှာခေါင်း စည်း(Mask) တပ်ဆင်သွားလာရန်‌ ကြပ်မတ်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထွန်းထွန်းစိုး(ပြန်/ဆက်)