မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် အနာကြီးရောဂါကြောင့် ကိုယ်အင်္ဂါချို့ယွင်းမှု အဆင့်(၂) ရှိသူများအတွက် ထောက်ပံ့ငွေပေးအပ်

မြို့သစ် အောက်တိုဘာ  ၁၆

မကွေးတိုင်းဒေသကြီး၊  မြို့သစ်မြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP) အရ  အနာကြီးရောဂါကြောင့် ကိုယ်အင်္ဂါ ချို့ယွင်းမှု အဆင့်(၂)ရှိသူများအတွက် လူမှုဝန်ထမ်း၊  ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ၊ လူမှုဝန် ထမ်းဦစီးဌာနမှ ထောက်ပံ့သည့် ထောက်ပံ့ငွေများကို    မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊  အနာ ကြီးရောဂါ တိုက်ဖျက်ရေး ဌာနမှ တစ်ဆင့်  သက်ဆိုင်ရာ ကျေးလက်ကျန်းမာရေးဌာနများရှိ တာဝန်ခံ ကျန်းမာရေး ဝန်ထမ်းများထံသို့ ယမန်နေ့ က ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင်  မြို့သစ်မြို့နယ်အတွင်း  အနာကြီးရောဂါကြောင့်  ကိုယ်အင်္ဂါ ချို့ယွင်းမှုအဆင့် (၂) ရှိသူ (၁၈၃)ဦးအတွက် လူမှုဝန်ထမ်းဦးစီးဌာနမှ တစ်ဦးလျှင်  ၅၀၀၀၀/- (ကျပ်ငါး သောင်း)ဖြင့်   စုစုပေါင်းထောက်ပံ့ငွေကျပ် ၉,၁၅၀,၀၀၀/- (ကိုးဆယ့်တစ်သိန်းငါး သောင်းတိတိ) အား အခြေခံကျေးလက်ကျန်းမာရေးဝန်ထမ်းများမှ အိမ်တိုင်ရာရောက် ထောက်ပံ့ ပေးအပ်ခဲ့​ကြောင်း  သိ ရသည်။

ဝင်းအိဇွန် (ပြန် / ဆက်)