နမ္မတူမြို့တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက် (၂)နှစ်အောက် ကလေးသူငယ်များအား ODK (Mobile Application)ဖြင့် ဒုတိယအကြိမ် အကျိုးခံစားသူ စာရင်းသွင်းခြင်း မွမ်းမံသင်တန်းဖွင့်လှစ်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နမ္မတူမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသောအသက် (၂)နှစ်အောက် ကလေးသူငယ်များ ODK (Mobile Application) ဖြင့် ဒုတိယအကြိမ် အကျိုးခံစားသူ စာရင်းသွင်းခြင်းမွမ်းမံသင်တန်းအား ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆိပ်ဖြူမြို့နယ်တွင် ကြိုတင်မဲပုံးများကို နိုင်ငံရေးပါတီ ကိုယ်စားလှယ်များရှေ့တွင် လုံခြုံရေးကြိုးဖြင့် ချိတ်ပိတ် တပ်ဆင်

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက် ပွဲအတွက် ကြိုတင်ဆန္ဒမဲများထားရှိရမည့် ဆန္ဒမဲပုံးများကို နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ ရှေ့တွင် မဲဆန္ဒပုံးများအလွတ်ဖြစ်ကြောင်း ပြသခြင်းနှင့် လုံခြုံရေးကြိုးဖြင့် ချိတ်ပိတ်ခြင်းကို အောက်တိုဘာ၁၆ ယနေ့ နံနက် ၁၀ နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ငွေသဲဖြူ) ခန်းမ၌ ပြုလုပ်သည်။

နောင်ချိုမြို့၌ ကိုယ်ဝန်ဆောင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်၂ နှစ်အောက် ကလေးများအား ထောက်ပံ့ကြေးပေးသည့် အစီအစဉ်အတွက် ODK Mobile Application အသုံးပြုနည်း သင်တန်းဖွင့်လှစ်

ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ ကိုယ်ဝန်ဆောင်နှင့်၎င်းတို့မှ မွေးဖွားလာသော အသက်၂ နှစ်အောက် ကလေးများအား ထောက်ပံ့ကြေးပေးသည့် အစီအစဉ်အတွက် ODK Mobile Application သင်တန်းကို အောက်တိုဘာလ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့ထိ လူမှုဝန်ထမ်းဦးစီးဌာနရုံး၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ပန်းတောင်းမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ ကိုဗစ်-၁၉ ကာလအတွင်း Online အစီအစဉ် ဖြင့် အသိပညာပေးလုပ်ငန်း ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်သူ့စာကြည့်တိုက်သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် ပြည်သူ့စာကြည့်တိုက်လုပ်ငန်း ခေတ္တပိတ်ထားသဖြင့် ပြည်သူ့စာကြည့်တိုက် စာအုပ်/စာစောင်များ ငှားရမ်းခြင်းကို ခေတ္တပိတ်ထားပြီး Online အစီအစဉ်ဖြင့် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။

ရန်ကုန်တောင်ပိုင်းခရိုင် တံတားမြို့ ပြန်/ဆက် ဝန်ထမ်းမိသားစုများမှ ဆရာတော်၊ သံဃာတော်များနှင့် သီလရှင်များအား ဆွမ်းဆန်စိမ်းနှင့် စားသောက်ကုန်များလှူဒါန်း

ရန်ကုန်တောင်ပိုင်းခရိုင် တံတားမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းမိသားစုများ မှ ကိုဗစ်ကာလအတွင်း ဆရာတော်၊ သံဃာတော်များနှင့် သီလရှင်များအား ဆွမ်းကိစ္စအဆင်ပြေစေရန် ဆွမ်းဆန်စိမ်းနှင့် စားသောက်ကုန်ပစ္စည်းများ လှူဒါန်းခြင်းကို ယနေ့ နံနက်ပိုင်းက ဆက်ကပ်လှူဒါန်းခဲ့ ကြောင်း သိရသည်။

ဒိုက်ဦးမြို့နယ် မီးသတ်ဦးစီးဌာနမှ ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်း ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး ၊ ဒိုက်ဦးမြို့နယ် ၊မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ်ဖြင့် ကိုဗစ်−၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းကို ယမန်နေ့ ညနေ ၄:၃၀နာရီ အချိန်က မြို့ပေါ်ရပ်ကွက်များနှင့် အနီးအနား ပတ်ဝန်းကျင်ရှိ ကျေးရွာများတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ကျောက်တန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ယနေ့ မွန်းလွဲ ၁ နာရီက ကျောက်တန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ကျင်းပခဲ့သည်။

မင်းတပ်မြို့ရှိ Quarantine Center များ၌ သတ်မှတ်ကာလနေထိုင်ပြီးစီးသူ(၁၅)ဦးအား Facility Quarantine နေထိုင်ပြီးစီးကြောင်းလက်မှတ်များ ပေးအပ်

မင်းတပ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုထိန်းချုပ်နိုင်ရေးအတွက် Quarantine Center များ ဖွင့်လှစ်၍ ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိရာ ယနေ့ညနေ ၃ နာရီအချိန်တွင် သတ်မှတ်ကာလ နေထိုင်ပြီးစီးသူ(၁၅)ဦးအား Facility Quarantine နေထိုင်ပြီးစီးကြောင်း လက်မှတ်များ ပေးအပ်ခဲ့သည်။

ကျောက်တန်းမြို့နယ်တွင် Mask တပ်ဆင်ရေး အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို နေ့စဉ် အရှိန် အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၈ နာရီခွဲအချိန်က လူစည်ကားရာမြို့မဈေး၊ ယာယီဈေးနှင့် ကားဂိတ်တို့တွင် Mask တပ်ဆင်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒီးမော့ဆိုမြို့နယ်အတွင်း လျှပ်စစ်မီးမရရှိသေးသော အခြေခံပညာကျောင်း ၉ ကျောင်းအတွက် ဆိုလာ ၉ စုံနှင့် ကွန်ပျူတာ၊ ပရင်တာ၊ မီးစက် တစ်စုံပေးအပ်

နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒီးမော့ဆို မြို့နယ်အတွင်း လျှပ်စစ်မီးမရရှိသေးသော အခြေခံပညာကျောင်း ၉ ကျောင်းအတွက် ဆိုလာ ၉ စုံနှင့် ကွန်ပျူတာ၊ ပရင်တာ၊ မီးစက် တစ်စုံထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက် ၁၁ နာရီခွဲက ငွေတောင်ကျေးရွာအမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
Subscribe to