ကျေးရွာစွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုစနစ် အကောင်းဆုံးကျေးရွာအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးရွာစွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ကျေးရွာစွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုစနစ် အကောင်းဆုံးကျေးရွာဖြစ်သည့် ပန်တိန်းကျေးရွာအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲ ၁နာရီခွဲက ပန်တိန်းကျေးရွာ ခန်းမဆောင်၌ ကျင်းပခဲ့သည်။