ညောင်လေးပင်မြို့နယ်တွင် ဒုတိယအကြိမ် ကပ်ထားသည့် မဲစာရင်းအား လာရောက်ကြည့်ရှု သူ ၁၃၇၉၁ ဦးရှိ
၂၀၂၀ ပြည့်နှစ် ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများကို သတ်မှတ်ပုံစံ အတိုင်း အောက်တိုဘာ ၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ ညောင်လေးပင်မြို့နယ်အတွင်းရှိ သက်ဆိုင် ရာရပ်ကွက်/ ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများ၌ ဒုတိယအကြိမ် ကပ်ထား ကြေညာထားရာ လာရောက် ကြည့်ရှုသူ ၁၃၇၉၁ ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။