ပန်းတောင်း အောက်တိုဘာ ၁၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်သူ့စာကြည့်တိုက်သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် ပြည်သူ့စာကြည့်တိုက်လုပ်ငန်း ခေတ္တပိတ်ထားသဖြင့် ပြည်သူ့စာကြည့်တိုက် စာအုပ်/စာစောင်များ ငှားရမ်းခြင်းကို ခေတ္တပိတ်ထားပြီး Online အစီအစဉ်ဖြင့် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။
အဆိုပါ ပြည်သူ့စာကြည့်တိုက်လုပ်ငန်းပိုင်း ခေတ္တပိတ်ထားသော်လည်း ပြည်သူများအတွက် Online မှတဆင့် အလွယ်တကူကြည့်ရှုနိုင်စေရန် ကလေးများ၊ ကျောင်းသား/သူများ၊ စာပေဗဟုသုတအတွက် တိုးတက်လာစေရန် ရည်ရွယ်၍ ပန်းတောင်းမြို့ ပြည်သူ့စာကြည့်တိုက် Page မှ Online စနစ်ဖြင့် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ကလေးသူငယ်များအတွက် ပုံပြင်ပြောပြပေးခြင်း၊ စာပေချစ်မြတ်နိုးသူများအတွက် ဗဟုသုတ ဖြစ်စေမည့် စာအုပ်စာစောင်များကို စာအုပ်မိတ်ဆက်ပေးခြင်း၊ ရောင်စုံစက္ကူလေးများနှင့် အရုပ်ခေါက်နည်းအမျိုးမျိုး လက်တွေ့ ပြသခြင်း၊ ရုပ်ပုံလေးများအား ဆေးရောင်ခြယ်နည်းပြသခြင်း၊ ကဗျာရွတ်ဆိုပြသခြင်း၊ စသည့် အစီအစဉ် များကို ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ နေ့စဉ်ရိုက်ကူး တင်ဆက်ပေးလျက်ရှိကြောင်း သိရှိရသည်။
သင်းသင်းအေး(ပြန်/ဆက်)