ဒီးမော့ဆိုမြို့နယ်အတွင်း လျှပ်စစ်မီးမရရှိသေးသော အခြေခံပညာကျောင်း ၉ ကျောင်းအတွက် ဆိုလာ ၉ စုံနှင့် ကွန်ပျူတာ၊ ပရင်တာ၊ မီးစက် တစ်စုံပေးအပ်

ဒီးမော့ဆို အောက်တိုဘာ ၁၆

နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒီးမော့ဆို မြို့နယ်အတွင်း လျှပ်စစ်မီးမရရှိသေးသော အခြေခံပညာကျောင်း ကျောင်းအတွက် ဆိုလာ စုံနှင့် ကွန်ပျူတာ၊ ပရင်တာ၊ မီးစက် တစ်စုံထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက် ၁၁ နာရီခွဲက ငွေတောင်ကျေးရွာအမှတ်() အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

ထောက်ပံ့ပစ္စည်းများပေးအပ်ရာတွင် ကယားပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထူးက လျှပ်စစ်မီးမရရှိသေးသည့် ကျေးရွာများတွင် တာဝန်ထမ်း ဆောင်နေသော ပညာရေး ဝန်ထမ်းများအတွက် တစ်ဖက်တစ်လမ်းကနေ အထောက်အကူပြုနိုင်စေရန် ရည်ရွယ်၍ ကယားပြည်နယ် အစိုးရအဖွဲ့မှ နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်နယ်ရန်ပုံငွေဖြင့် လျှပ်စစ်မီး မရရှိသေးသော ဒီးမော့ဆိုမြို့နယ်ရှိ အခြေခံပညာမူလတန်းကျောင်း ကျောင်းအား ဆိုလာနှင့် ဆက်စပ်ပစ္စည်း စုံ၊ နယ်စပ်ရေးရာဝန်ကြီး ဌာနမှ ကွန်ပျူတာ၊ ပရင်တာ၊ မီးစက် တစ်စုံကို ထောက်ပံ့ပေးအပ်သွားမည် ဖြစ်ကြောင်း၊ အဆိုပါပစ္စည်းများ ရေရှည်အသုံးပြုနိုင်အောင် စနစ်တကျ ကိုင်တွယ်သုံးစွဲကြရန် လိုအပ်ကြောင်းပြောကြားခဲ့သည်။

ထို့နောက် ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်လှိုင်နှင့် မြို့နယ်ပညာ ရေးမှူး ဒေါ်နော်အယ်ဖောတို့က လျှပ်စစ်မီးမရရှိသေးသော ဟန်လီ၊ ခူးပရာရွာသစ်၊ ဒေါပဲ့ဒူ၊ ဒေါဆိုကလဲ၊ နီဒူးခူ၊ လေမအန်းခူ၊ ဒေါရောက်ခူဘထိုးရပ်ကွက်၊ ယပ်ခူနှင့် ခူးဘာတိုကျေးရွာ အခြေခံပညာကျောင်းများ အတွက် ဆိုလာနှင့် ဆက်စပ်ပစ္စည်းများ၊ ဒေါဖုကျေးရွာ အခြေခံပညာကျောင်းအတွက်  ကွန်ပျူတာ၊ ပရင်တာ၊ မီးစက် တစ်စုံတို့ကို ပေးအပ်ခဲ့ကြောင်း သိရသည်။

ရီရယ်(ဒီးမော့ဆို)