ဒိုက်ဦး အောက်တိုဘာ ၁၆
ပဲခူးတိုင်းဒေသကြီး ၊ ဒိုက်ဦးမြို့နယ် ၊မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ်ဖြင့် ကိုဗစ်−၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းကို ယမန်နေ့ ညနေ ၄:၃၀နာရီ အချိန်က မြို့ပေါ်ရပ်ကွက်များနှင့် အနီးအနား ပတ်ဝန်းကျင်ရှိ ကျေးရွာများတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ထိုသို့ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များသည် မြို့ပေါ်ရပ်ကွက်များနှင့် အနီးအနားကျေးရွာများသို့ မီးသတ်ယာဉ်ဖြင့် လှည့်လည်ကာ လတ်တလော ဖြစ်ပွားလျက်ရှိသည့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်−၁၉ ရောဂါ ကူးစက်ခြင်း မရှိစေရေးအတွက် ပြည်ပမှပြန်လည် ဝင်ရောက်လာသူများသည် Quarantine Centre များတွင် (၂၁)ရက် Quarantine ဝင်ရန် ရောဂါပိုးရှိ /မရှိ စစ်ဆေးမှု ခံယူရန် ၊ မလိုအပ်ဘဲ အပြင်မထွက်ကြရန် ၊ မိမိနေအိမ်တွင်သာ နေထိုင်ရန်၊ လူစုလူဝေးဖြင့် ကျင်းပပြုလုပ်သည့် ပွဲလမ်းသဘင်များ ၊ အခမ်းအနားများ မပြုလုပ်ကြရန် ၊ မဖြစ်မနေ အိမ်ပြင်ပသို့ ထွက်ခွာရာတွင် လည်းကောင်း ၊ ဈေးများ၌ ဈေးရောင်းဈေးဝယ် ပြုလုပ်ရာတွင်လည်းကောင်း ၊ နှာခေါင်းစည်း၊ Mask များကို စနစ်တကျ တပ်ဆင်ရန်၊ လက်ကို ဆပ်ပြာဖြင့် စနစ်တကျ စက္ကန့် (၂၀) ကြာဆေးကြောရန်နှင့် ကျန်းမာရေး နှင့် အားကစားဝန်ကြီး ဌာန၏ လမ်းညွှန်ချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် အသံချဲ့စက်ဖြင့် နေ့စဉ်လှည့်လည်၍ အသိပေး နှိုးဆော်ပေးလျက် ရှိသည်။
ဒိုက်ဦးမြို့တွင် ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ် နိုင်စေရန် မြို့နယ်အဆင့် ကိုဗစ် −၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှ ရောဂါကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သန်းသန်းဝင်း(ပြန်/ဆက်)