ရန်ကုန်တောင်ပိုင်းခရိုင် တံတားမြို့ ပြန်/ဆက် ဝန်ထမ်းမိသားစုများမှ ဆရာတော်၊ သံဃာတော်များနှင့် သီလရှင်များအား ဆွမ်းဆန်စိမ်းနှင့် စားသောက်ကုန်များလှူဒါန်း

တံတား အောက်တိုဘာ ၁၆

ရန်ကုန်တောင်ပိုင်းခရိုင် တံတားမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းမိသားစုများ မှ ကိုဗစ်ကာလအတွင်း ဆရာတော်၊ သံဃာတော်များနှင့် သီလရှင်များအား ဆွမ်းကိစ္စအဆင်ပြေစေရန် ဆွမ်းဆန်စိမ်းနှင့် စားသောက်ကုန်ပစ္စည်းများ လှူဒါန်းခြင်းကို ယနေ့ နံနက်ပိုင်းက ဆက်ကပ်လှူဒါန်းခဲ့ ကြောင်း သိရသည်။

ယင်းကဲ့သို့ လှူဒါန်းရာတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း Stay at Home သတ်မှတ်ထားစဉ်ကာလ အတွင်း တံတားမြို့ရှိ ဝါဆို၊ ဝါကပ်တော်မူသော ဆရာတော်၊ သံဃာတော်များ သတင်းသုံးသည့် ဘုန်းတော်ကြီးကျောင်း (၈)ကျောင်းနှင့် မယ်သီလရှင်ကျောင်းတို့တွင် ဆွမ်းကိစ္စအဆင်ပြေစေရန်  ကျောင်းတစ်ကျောင်းလျှင် ဆွမ်းဆန်စိမ်း(၆) ပြည်၊ ဆီ၊ ခေါက်ဆွဲ၊ ကြက်ဥနှင့် ဆားတို့အား ဆရာတော်၊ သံဃာတော်များနှင့် သီလရှင် ဆရာကြီး၊ ဆရာလေးတို့အား စုစု‌ပေါင်းတန်ဖိုးငွေ ၁၅၀၀၀ဝိ/ကျပ် တန်ဘိုးရှိ လှူဖွယ်ပစ္စည်းများကို ကိုယ်တိုင်ကိုယ်ကျ ကျောင်းတိုက်အသီးသီးသို့ လိုက်လံဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ ပြန်/ဆက်ဝန်ထမ်းမိသားစုများမှ အောက်တိုဘာ (၂)ရက်နေ့ကလည်း တံတား အ.ထ.က ကျောင်းတွင် ဖွင့်လှစ်ထားသည့် အသွားအလာကန့်သတ် စောင့်ကြည့်ရေးစင်တာ၌ အလှူငွေ (၁)သိန်း ကျပ်အား သွားရောက်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

တင်နိုင်ဝင်း (ပြန်/ဆက်)